အ ရေးပေါ် ဌာနဆီ သွေးအလိမ်းလိမ်းနှင့် 
မိန်းကလေး တစ်ယောက် နှင်းတွေ ကျတဲ့ တစ်နေ့ မှာ ရောက်လာခဲ့သည်။အရေးပေါ်ကားမှ ဝန်ထမ်းက တာဝန်ကျ ဆရာဝန်ထံ လွှဲပြောင်းပေးရင်း
နှုတ်ကလည်းအဆက်မပြတ် ပြောလိုက်သည် ။''ယာဉ်တိုက်မှု ဖြစ်လာတဲ့ လူနာပါ ဦးခေါင်းနဲ့ လက်မှာ သွေးထွက်ဒဏ်ရာရှိပြီး
နံရိုးတွေလည်းကျိုးတယ်လို့ သံသယရှိပါတယ် ။ သွေးဆုံးရှုံးမှုလည်းများလို့  သွေးသွင်းဖို့ လိုပါလိမ့် မယ် ''တာဝန်ကျ ဆရာဝန်က ခေါင်းတစ်ချက်ညိတ်ပြရင်း
'' လူနာကို ရွေ့မယ် 1 2 3''
လူနာခုတင်ပေါ်မှာ ဟယ်ရင်တစ်ယောက် ငြိမ်သက်နေဆဲ ။
အရေးပေါ်ဌာန ဆီ အပြေးအလွှားဝင်လာသူတွေက မိဘ နှစ်ပါးနဲ့ အစ်ကို ဖြစ်သူတွေ။
''ဒေါက်တာ ယာဉ်တိုက်မှုနဲ့ ရောက်လာတဲ့ မိန်းကလေး ဘယ်မှာပါလဲရှင် ''
သူနာပြု ဆရာမလေးမှ ညွှန်ပြရာဆီ ကြည့် မိတော့  ခုတင်ထက်မှာ သွေးအလိမ်းလိမ်နဲ့
ဟယ်ရင် ။''ဒီလူနာ ကို CT ရိုက်ရမယ် ပြီး ရင် ရင်ခေါင်းဌာန ကို ဆက်သွယ်ပါ လူနာရှင်တွေ က အပြင်မှာစောင့် နေပေးပါ ''
ပြောရင်းဆိုရင်း လူနာကိုပါ တစ်ခါတည်းရွေ့သွားတာမို့  သူတို့ ဘာမှ မပြောလိုက်နိုင်။
မျက်ရည်တွေကျရင်းသောက ရောက်နေတဲ့
အမေ ဟာ ဟယ်ရင်ကို ပြောခဲ့မိတာတွေ အတွက်ပါ ပိုလို့ ပူပန်နေလေရဲ့ ။ခွဲစိတ်ခန်းအပြင်ဘက်မှာ ရင်တမမ စောင့် နေရင်းက တံခါးပွင့် လာပြီး
'' အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ ပါဘူး ဒါပေမယ့်  ထိခိုက်တဲ့ နေရာက ဦးခေါင်းပိုင်းမှာပါ ဖြစ်နေပြီး အနည်းငယ် ပြင်းထန်လို့  လူနာ သတိ ပြန်ရဖို့ စောင့် ကြည့် ရမှာပါ တကယ်လို့ တစ်ပါတ်အတွင်းမှာမှ သတိပြန်လည်မလာရင် လူနာက Coma ဖြစ်နိုင်ချေ များပါတယ် ''
ဆရာဝန်ရဲ့ စကားအဆုံးမှာ ဟယ်ရင့် အမေ ဖြစ်သူမှာ မတ်တပ်ရပ်လို့ မနေနိုင်တော့ ပဲ
လဲကျသွားတော့ သည်။

أنت تقرأ
မိန်းမစိုးလေးနှင့် သူ၏ဇာတ်လိုက် {Little Eunuch And His main lead}
أدب الهواةဇာတ်လမ်းတွဲတွေ ကြည့် ရင်း စိတ်ကူးယဉ်ဖူးကြပါသလား။ ကိုယ် သာ ဇာတ်လမ်းတွဲထဲ ရောက်သွားခဲ့ ရင် ဘာလုပ်ချင်လဲ စဉ်းစားဖူးပါသလား ။ စိတ်ကူးယဉ်မိတဲ့ အတိုင်း ဇာတ်လမ်းတွဲထဲ ရောက်ရှိသွားခဲ့ရင် အလွဲတွေမပါပဲ ရှေ့ဆက်နိုင်ပါ့ မလား ။ ဟုတ်ကဲ့ အလွဲတွေနဲ့ ဇာတ်လိုက် ကေ...