နန်းတော်ရဲ့ အဆောင်အသီးသီးမှ
မီးအိမ် တို့ မှိတ်တုပ် မှိတ်တုပ် လင်းလာလေပြီ။
မှောင်ရီပျိုးစ ဖြစ်နေပြီမို့ 
နန်းတော် တံခါးပိတ်ချိန်ပင် နီးနေ လေပြီ ။မြောင်ဆူ အကျီ င်္ လက်ကြားက
နန်းဝင်ထွက်ခွင့် တံဆိပ်ပြားကို ပြရင်း
ခပ်သွက်သွက်ဝင်လိုက်သည်။မင်းသမီးပေးတဲ့ တာဝန် ကျေပွန်ကြောင်း
သတင်းပို့ ရအုံးမည် ။
ခပ်သွက်သွက်မသွားရင်
နန်းဆောင်ထိန်း ဂို နယ်ရှီ ဆီက
အော်ခံရမယ့်  အသံကို ကြားယောင်ရင်း
ကျောတွန့် နေမိသေးသည်။လူအသွားအလာနည်းသည့်  နန်းဆောင်ဘက်က ဖြတ်ရင်း ခပ်သွက် သွက် ခြေလှမ်းရင်း
ဝင်တိုက်မိတာ ဘန်းခနဲ ။''ကြည့် ပြီး သွားလေ လူတစ်ယောက်လုံးကို
မမြင်ရအောင် မျက်လုံးက ကန်း……
နေ ………တာ ……လားး………''ပြောမယ့် စကားတောင် ပျောက်ရှသွားသလို သူ့ ရှေ့မှာ ရပ်နေသူ က
'' ချောဟားးးး''
မနက်က နန်းဆောင်မှာ စာကို လုပြေးခဲ့ရတာတင် အားမရလို့ 
အခုလည်း အတင်း ဝင်တိုက်ပြီး
အော်ကြီး ဟစ်ကျယ်ပြောမိသေးသည်။
ဂျွန်မြောင်ဆူ တစ်ယောက်
ခေါင်း ကို တခြားဘက် စောင်းလိုက်ရင်း'' အား What's the fuck !! ဒီမှာသူက ဘာလုပ်နေတာလဲ ''
ခပ်တိုးတိုး ပြောပြီးမှ
ဘာမှ မဖြစ် သလို ပြန်လှည့် ရင်း
ရှိသမျှ သွားတွေ အကုန် ပေါ်အောင် ပြုံးရင်း'' ချောဟား ခွင့် လွှတ်တော်မူပါ
ဒီကျွန် က မသိလို့ ပြောမိတာပါ
ကျွန်တော်မျိုး သွားလိုက်ပါအုံးမယ် ''သူ့ ဆီ စူးစိုက်ကြည့် ရင်း
မီးတောက်မတတ်ဖြစ်နေတဲ့ ချောဟားရဲ့
မျက်လုံးတွေကို မသိချင်ယောင်ရင်း
လှည့်ထွက်ဖို့ လမ်းအမြန်ရှာမိသည်။
ခေါင်းကို အတင်းငုံ့ ပစ်ရင်း
ခပ်သွက်သွက်လျှောက်မိတော့ 
ဘယ်နှလှမ်းမှ မလှမ်းရသေးခင်
ဂုတ်က နေ ဆွဲမ ခံ လိုက်ရသည် ။
မြောင်ဆူ အရပ်က ဘယ်လောက်မှ
မရှည်သူ မို့  ပါသွားတာ မြောက်ခနဲ။'' ဘုရားတရား ကယ်တော်မူပါ
ဂျီးဆပ် လည်း ကယ်ပါ အရှင်မြတ်တွေ ကယ်ကြပါ''
![](https://img.wattpad.com/cover/237404172-288-k788525.jpg)
KAMU SEDANG MEMBACA
မိန်းမစိုးလေးနှင့် သူ၏ဇာတ်လိုက် {Little Eunuch And His main lead}
Fiksi Penggemarဇာတ်လမ်းတွဲတွေ ကြည့် ရင်း စိတ်ကူးယဉ်ဖူးကြပါသလား။ ကိုယ် သာ ဇာတ်လမ်းတွဲထဲ ရောက်သွားခဲ့ ရင် ဘာလုပ်ချင်လဲ စဉ်းစားဖူးပါသလား ။ စိတ်ကူးယဉ်မိတဲ့ အတိုင်း ဇာတ်လမ်းတွဲထဲ ရောက်ရှိသွားခဲ့ရင် အလွဲတွေမပါပဲ ရှေ့ဆက်နိုင်ပါ့ မလား ။ ဟုတ်ကဲ့ အလွဲတွေနဲ့ ဇာတ်လိုက် ကေ...