Storyline

1.9K 39 13
                                    

Unicode Version

(ချောင်မင်းဟန်က အချစ်ကြီးသူတစ်ယောက်...စုယွမ်ကို မရမချင်း သူနောက်ဘဝမကူးဘူးလို့ကြွေးကြော်ခဲ့ဘူးတယ်။

သူ့တစ်သက်လုံးမိခင်အရင်းလို့ထင်မှတ်ထားခဲ့တဲ့လူက သူ့နှလုံးသားတည့်တည့်ကို ဓားနဲထိုးတာခံရပြီးနောက်လောကတစ်ခုကိုရောက်သွားလဲ စုယွမ်ကိုရဖို့ ကြိုးစားနေဦးမှာပဲ..။ စုယွမ်တို့သားအမိနဲ့ ပြန်တွေ့ခွင့်ရဖို့ သူဘာမဆိုလုပ်မယ်..အစီအရင်တွေကိုချိုးဖျက်ပြီး သူမကိုသူ့ရင်ခွင်ထဲ ထည့်ထားနိုင်အောင်ကြိုးစားတော့မယ်။ )

Be My Summer Series Novel ရဲ့ Season2 ချောင်မင်းဟန် Version ဖြစ်ပါတယ်။

အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ချောင်မင်းဟန် ပင်လယ်ကိုပြုတ်ကျပြီးတဲ့နောက်ပိုင်း အခြားလောကတစ်ခုကိုကူးပြောင်းသွားခဲ့တယ်။

ကံကောင်းချင်တော့ ဝေကျင့်ဟုန် ရောက်မလာသေးခင်

အချိန်ကာလမှာ စုယွမ်ကို သူအရင်ဆုံးရှာတွေ့ခဲ့တယ်လေ။

ဒီတစ်ခါတော့ စုယွမ်ကို ဘယ်သူ့နောက်မှအပါမခံနိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီး သူမအနားကို ချဉ်းကပ်ခဲ့ပေမဲ့....

အင်း... တခုခုတော့မှားနေသလိုပဲ...။

သူ... ဒီကို ရောက်လာတာ အရမ်းစောသွားသလို ခံစားရတယ်..

ဘာလို့လဲဆိုတော့

စုယွမ်က တစ်နှစ်တောင်မပြည့်သေးတဲ့လသားကလေးလေးဖြစ်နေတယ်လေ..

ဒါ့အပြင်ကိုမှ..

ကံဆိုးချင်တော့ အားဇယ်က သူ့ကိုလာကြိုက်နေတယ်..တဲ့...

ကဲ ဒီတော့ ဇာတ်တူသားစားဖို့ကြံနေတဲ့ ယောက်ဖကြီးကို ဘယ်လိုရှောင်ကွင်းပြီး သူ့ညီမကို ဘယ်လိုအပိုင်ကြံရင်ကောင်းမလဲ... စဉ်းစားရပြန်ပြီ။

ဒီဇာတ်လမ်းကတော်တော်လေးတော့ ခွတီးခွကျနိုင်တယ်ဟေ့..။


All about Paid Group  

{ အားလုံးပဲ... ဒီစာရေးသူမှာရှေ့မျက်နှာနောက်ထားပြီး ပြောစရာလေးတစ်ချို့ရှိပါတယ်။ ဒီလို ခက်ခဲနေတဲ့ကာလကြီးမှာ မျက်နှာပြောင်တိုက်တယ်လို့ပဲ ပြောပြော.. စာရေးသူရဲ့ လက်ရှိခြေအနေကြောင့်ဒီဝတ္ထုလေးကို PAID GP လေး နဲ့ တင်ပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။အားလုံးကျပ်တည်းနေတဲ့အချိန်မလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ဘဝအကြောင်း စာတွေအရှည်ကြီးရေးပြီး မျက်ရည်မချုချင်တော့ပါဘူး။ အခုရက်ပိုင်း စာတွေမတင်ဖြစ်ခဲ့တာလည်း ဝင်ငွေ အခက်အခဲကြောင့်ပါ။ ဝင်ငွေမရှိတဲ့ cdm ကျောင်းသူဘဝမို့တစ်ပါတ်တစ်ပိုင်းတင်နိုင်အောင် မနည်းကြိုးစား ရပါတယ်။ဆဲရင်လည်းခံပါ့မယ်။ နာမည်မရသေးတဲ့လူသစ်လေးလည်း ဗိုက်ဟောင်းလောင်းနဲ့တော့ မနေနိုင်လို့ပါ။နားလည်ပေးကြပါလို့ပဲ မျက်နှာပူပူနဲ့တောင်းဆိုပါရစေ ။ဒီစာဖတ်သူတွေထဲမှာငွေကြေးပြေလည်သူများပါခဲ့ရင် စာရေးသူကို ထောက်ပံ့တဲ့အနေနဲ့ PAID GPလေး ဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

Be My Summer  ( Arc 2) Side Story  {程 Chéng  version }Where stories live. Discover now