အဲ့ဒီနေ့ကစပြီး နေ့လည်မုန့်စားကျောင်းဆင်းချိန်ရောက်တာနဲ့ ချောင်မင်းးဟန်တို့သူ့ငယ်ချင်းနှစ်ယောက် အိမ်မှာပဲပြန်ပြိးထမင်းစားကြတယ်။
ကလေးနှစ်ယောက်က ချစ်ချစ်ခင်ခင်နဲ့အိမ်ကထည့်ပေးလိုက်တဲ့ထမင်းဘူးကိုပြန်ယူလာပြီး အိမ်မှာလာပြန်စားတာမြင်တော့ ရန်ရှီးနဉ်ခင်မျာ အံ့ဩလို့မဆုံး။ ဒိအိမ်မှာက နေ့လည်ပိုင်းဆို ဟန်ချိုးကဈေးရောင်းရတာနဲ့တင်မအားဘူး။
ဒီတော့ အိမ်မှာ သမီးလေးနဲ့ သူမနဲ့နှစ်ယောက်တည်းကျန်ခဲ့တာဆိုတော့ အထီးကျန်နေတာကြာလှပြီ။ အခုကလေးတွေ ကနေ့လည်ဖက်ထမင်းပြန်စားတော့ဘာပဲပြောပြော အိမ်သားစုထမင်းဝိုင်းလေးက ပိုပြီးစည််ကားလာတာပေါ့လေ။
ချောင်မင်းဟန်ကတော့ ဘာရယ်မဟုတ်ဘူး ယွမ်ယွမ့်မျက်နှာလေးမြင်ချင်လို့ သူ့ခင်ဗျာ အချိန်ရတိုင်း ဟန်ချိုုးအိမ်ကို ချောင်းပေါက်မတတ်လာရတာအမော။ မနက်ဆိုလည်း အားဇယ်ကို ကျောင်းသွားဖို့ဝင်ခေါ်ရင်း တခါတည်း မနက်စာတူတူစား။ နေ့လည်ဆိုရင်လည်းအားဇယ်နဲ့အတူ နေ့လည်စာဝင်စစား။ ကဲ ..ကျောင်းကပြန်တော့လည်း အိမ်ထိတစ်ခါလိုက်လာပြီး သူ့ပါပါးဝင်ခေါ်တာစောင့်ပြီး ညနေစာအတူတူစားပြီးမှပြန်တာ။ဒါပေမဲ့ကံကဆိုးချင်တော့ သူ့မှာရန်သူတွေကလည်းအများသား။ ဝေကျင့်ဟုန်တစ်ယောက်တည်းနဲ့တင် ပြီးတယ်မှတ်နေတာ။ တကယ်တမ်းသူထိပ်တိုက်ရင်ဆိုင်ရမဲ့ရန်သူအကြီးစားကြီးက တခြားလူမဟုတ်ဘူး။ သမီးကိုမျက်စိအောက်ကအပျောက်မခံတဲ့ ယောက္ခမကြီး ဟန်ချိုးပါပဲ။
ချောင်မင်းဟန်ခင်မျာ အိမ်ကိုရောက်တိုင်း ယောက္ခမကြီးအလစ်ချောင်းပြီး ယွမ်ယွမ်ကိုချီဖို့ကြိုးစားရတာ အမော။ ဒါပေမဲ့ ဟန်ချိုးက သူ့သမီးကို တချက်လေးမှ အောက်ကိုမချဘူး။ မနက်မိုးလင်းတာနဲ့ ညကခင်းအိပ်ထားတဲ့ ချည်စောင်ကို နောက်ကျောပေါ်မှာတွဲချည်ပြီး သမီးလေးကို ကျောပေါ်တင်ပြီး တချိန်လုံးအလုပ်လုပ်နေတာလေ။
![](https://img.wattpad.com/cover/286435109-288-k659751.jpg)
YOU ARE READING
Be My Summer ( Arc 2) Side Story {程 Chéng version }
SpiritualUnicode Version အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ချောင်မင်းဟန် ပင်လယ်ကိုပြုတ်ကျပြီးတဲ့နောက်ပိုင်း အခြားလောကတစ်ခုကိုကူးပြောင်းသွားခဲ့တယ်။ ကံကောင်းချင်တော့ ဝေကျင့်ဟုန် ရောက်မလာသေးခင် အချိန်ကာလမှာ စုယွမ်ကို သူအရင်ဆုံးရှာတွေ့ခဲ့တယ်လေ။ ဒီတစ်ခါတော့ စုယွမ်ကို ဘယ်...