Unicode Version
ရင်ဘက်ဆီက ပြင်းထန်တဲ့နာကျင်မူက ချောင်မင်းဟန်ကို ဆိုးရွားလှတဲ့အိမ်မက်ဆိုးကြီးဆီကနေ နောက်တစ်ကြိမ် နိုးထလာစေတယ်။
စာသင်ခုံမှာထိုင်နေရင်း..ပြတင်ပေါက်ကနေ ဝင်လာတဲ့နေရောင်ခြည်ကနေတစ်ဆင့် တောက်ပနေတဲ့ အဖြူရောင်မျက်နှာကျက်ကိုငေးကြည့်ရင်း.. ဒါတွေအားလုံးက တကယ်ရောဟုတ်ရဲ့လား၊ သူတကယ်ပဲအသက်ပြန်ရှင်လာတာပဲလား လို့ ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်။
ဒီလိုနဲ့အချိန်အကြာကြီးနှလုံးခုန်တာ နှေးသွားတော့မှပဲ သူစိတ်သက်သာရသွားပြီး စားပွဲပေါ်မှတင်ထားတဲ့ရေဗူးကို ဖွင့်ပြီးရေတစ်ငုံလောက်သောက်လိုက်တယ်။ နွေးထွေးတဲ့ရေတွေက လည်ချောင်းတစ်လျှောက် စီးသွားတော့မှပဲ သူတကယ်ပဲ နောက်တဖန်အသက်ပြန်ရှင်လာတယ်ဆိုတာကို ယုံကြည်လက်ခံသွားတော့တယ်။
တစ်ယောက်တည်းငေးမောတွေဝေနေရင်း.. ခေါင်းငုံ့ကြည့်လိုက်တော့ အကောင်ပေါက်ကလေးက သူ့လက်မကို အသာဆုပ်ကိုင်ပြီး အိပ်မောကျနေလေရဲ့..။
ချစ်ဖို့ကောင်းလိုက်တာ... ။
ခြေတံလက်တံလေးတွေကိုက တိုတိုတုတ်တုတ်လေးနဲ့ ချစ်စရာကလေးလေး..၊လက်စသတ်တော့ လေးကိုင်းသဏ္ဏန် နူတ်ခမ်းဖူးဖူးလေးက မွေးကတည်းကပါလာတာပဲ။.. သေချာကြည့်ရင် ချောင်ယွမ်လေးနဲ့ချွတ်စွတ်ပဲ.. ချောင်ယွမ်လေးငယ်ငယ်တုန်းက ဓာတ်ပုံကို ကြည့်ရသလောက်တော့ သူတို့မေမေငယ်ငယ်တုန်းကနဲ့တော်တော်လေးဆင်တာပဲ... ကြည့်စမ်းပါဦး..နို့ဆာလို့ထင်ပါရဲ့ သူ့လက်မကို နို့သီးခေါင်းလေးကို သဘောထားပြီး အစားသောင်းကျန်းနေလိုက်တာ..ချစ်လို့ကိုမဝဘူး။
သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကလေးမလေးဆီက ထွက်ပေါ်လာတဲ့ အသက်ရူသံယဲ့ယဲ့လေးကြောင့်သာမဟုတ်ရင် ဒါတွေအားလုံးက သူအိမ်မက်မက်နေတာပါလို့ပဲ တွေးနေမိမှာ အမှန်..။
ဒါပေမဲ့ အရင်ဘဝမှ စုယွမ်တို့သားအမိသာ သူ့ဆီပြန်မလာခဲ့ဘူးဆိုရင်.. သူဒီလိုကလေးချစ်တတ်မှန်း သူကိုယ်တိုင်တောင်သိလိုက်မှာမဟုတ်ဘူး။
YOU ARE READING
Be My Summer ( Arc 2) Side Story {程 Chéng version }
SpirituellesUnicode Version အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ချောင်မင်းဟန် ပင်လယ်ကိုပြုတ်ကျပြီးတဲ့နောက်ပိုင်း အခြားလောကတစ်ခုကိုကူးပြောင်းသွားခဲ့တယ်။ ကံကောင်းချင်တော့ ဝေကျင့်ဟုန် ရောက်မလာသေးခင် အချိန်ကာလမှာ စုယွမ်ကို သူအရင်ဆုံးရှာတွေ့ခဲ့တယ်လေ။ ဒီတစ်ခါတော့ စုယွမ်ကို ဘယ်...