Chapter : 9

134 7 0
                                    


အပိုင်း (၉) ဦးလေးကျန်းရဲ့ဘဝပုံရိပ်များ" အားဇယ်ရေ...မင်းရဲ့လေးလေးကျန်းလာပြီဟေ့...ထွက်ကြိုလိုက်ဦး "


အားဇယ်နဲ့ ချောင်မင်းဟန်တို့ သူငယ်ချင်းနှစ်ယောက် သစ်သားအိမ်ပုလေးအနောက်ဘက်က မြေကွက်လပ်မှာ စိုက်ထားတဲ့ မုန်ညှင်းပင်တွေကို ခူးနေကြဆဲ အခိုက်မှာ ဉီးလေးဖြစ်သူဟန်ချိုးရဲ့ စကားသံပေါ်ထွက်လာတယ်။


" ဟုတ်ကဲ့လေးလေး "


အားဇယ်က သူ့ဦးလေးရောက်လာတဲ့ အသံကြားတာနဲ့ ချက်ချင်းပဲ လက်ထဲကိုင်ထားတဲ့ ဝါးခြင်းတောင်းလေးကိုဘေးချပြီး..အိမ်ရှေ့ကို အလောတကြီးပြေးထွက်သွားတယ်။ ချောင်မင်းဟန်လည်း ဦးလေးကျန်းရဲ့ ငယ်ဘဝပုံစံကိုမြင်ချင်စိတ်နဲ့ အနောက်ကလိုက်လာတယ်။


ခြံရှေ့ရောက်တော့ အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့ အသက်လေးဆယ်အရွယ်လောက်ပဲ ရှိဦးမဲ့ နွေးထွေးကြင်နာတတ်တဲ့ မျက်နှာပိုင်ရှင် ဦးလေးကျန်းကိုမြင်ပြီး ချောင်မင်းဟန်အလိုလိုနေရင်း ရင်ထဲမှာ ဆို့နင့်လာတယ်။ဦးလေးကျန်းက ဝေအိမ်တော်ကလူဆိုပေမဲ့ သူ့အပေါ်မှာ သွေးသားရင်းတစ်ယောက်လိုပဲ ဆက်ဆံပေးခဲ့တာ ၊ သူမတော်တဆမဖြစ်ခင် နောက်ဆုံးစားခွင့်ရတဲ့ထမင်းတနပ်က ဦးလေးကျန်းချက်ကျွေးခဲ့တာ ပြန်အမှတ်ရမိတယ်။ အဲ့ဒီတုန်းက ဝေအိမ်တော်မှာ သားနဲ့သမီးကိုပွေ့ဖက်ပြီး ဦးလေးကျန်းနဲ့ ထမင်းလက်ဆုံစားခဲ့ရတဲ့ အချိန်က သူ့ဘဝမှာအပျော်ဆုံးပဲ။ အဲ့ ဒီတုန်းကတော့ ဒီထမင်းဝိုင်းမှာ ယွမ်ယွမ်သာပါခဲ့ရင် သိပ်ကောင်းမှာပဲဆိုပြီး နှမျောတသဖြစ်ခဲ့မိပေမဲ့တကယ်တမ်း သူ့အကြိုက်ဟင်းပွဲတွေအားလုံးကိုတကယ်တမ်းမမေ့မလျော့ပဲ ယွမ်ယွမ်ပဲ အကူအညီတောင်းခဲ့တာလေ။ ဒီတော့ နောက်ဆုံးမှာသူ့ကိုယ်သူစိတ်ဖြေတဲ့အနေနဲ့ ယွမ်ယွမ်ကိုယ်တိုင်ချက်ကျွေးတယ်လို့ပဲ သတ်မှတ်ပြီး အားပါးတရထိုင်စားပစ်ခဲ့တာ။


အခု ကံကြမ္မာက တစ်ပါတ်ပြန်လည်လာချိန်မှာတော့ သူ့အပေါ်စိတ်ရင်းနဲ့ကောင်းပေးခဲ့ဘူးတဲ့လူတိုင်းအပေါ်မှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးချင်တဲ့စိတ်ပဲရှိတော့တယ်။

Be My Summer  ( Arc 2) Side Story  {程 Chéng  version }Where stories live. Discover now