Unicode Version
သားနဲ့သမီးကိုနူတ်ဆတ်ပြီး လှည့်ထွက်လာတော့ လီချန်ကွမ်းက သူ့ကိုမြင်တာနဲ့သက်ပြင်းချပြီး..
" ကဲ...လာ.. ငါတို့တွေပြန်ကြရအောင် ငါမင်းကိုလိုက်ပို့ပေးမယ် "
ချောင်မင်းဟန် စိတ်ထဲရှိတဲ့အတိုင်းဆို ငြင်းလိုက်ချင်ပေမဲ့ နံဘေးမှာ ရပ်ကြည့်နေတဲ့ အစောင့်အရှောက်နတ်မင်းတွေက သူ့အပေါ် အမြင်ကြည်ပုံမရ၊ မကောင်းတတ်လို့သာ ဝင်မတားပေမဲ့ သူ့ကို အိမ်ထဲကနေထွက်သွားစေချင်တဲ့ ပုံစံပေါက်နေတယ်။ ဒါနဲ့ပဲသူ့ကိုယ်သူဖြေသိမ့်ပြီး လီချန်ကွမ်း ရဲ့စကားအတိုင်း ကျောက်စိမ်းဆင်းတုတော် ထဲ ဝင်ပြီး သူ့နောက်ကနေ အသာတကြည်လိုက်သွားတယ်။
သူတို့လာရာလမ်းအတိုင်း လှည့်ပြန်လာရင်းလမ်းတစ်ဝက်ရောက်တော့... လီချန်ကွမ်းက ချောင်မင်းဟန်စိတ်မကောင်းဖြစ်နေတာရိပ်မိနေတဲ့အတွက် သူ့ကိုနှစ်သိမ့်ပေးဖို့ကြိုးစားတော့တယ်။
" ကလေးတွေကြည့်ရတာ မင်းကိုတော့ အတော်ချစ်သားပဲကွ... အေးလေ မင်း ဘက်ကကြည့်ရင်လည်း ဒီကလေးတွေနဲ့ ဘယ်ခွဲချင်ပါ့မလဲ... မင်းနေရာမှာ ငါဆိုရင်ကလေးတွေအတွက်ပဲဖြစ်ဖြစ်ပြန်လာနိုင်အောင်ကြိုးစားမိမှာပဲ ... "
ချောင်မင်းဟန်ကတော့ဘာမှပြန်မပြော ၊ အတန်ကြာသည်အထိ ငြိမ်သက်နေပြီးမှ...
"ကျွန်တော်တခုလောက်မေးချင်တယ် ရမလား... "
" အေး မေးလေ..ဘာမေးမလို့လဲ "
" ကျွန်တော်အမြန်ဆုံး..ကျွန်တော့်ခန္ဓာကိုယ်ထဲ ပြန်ဝင်ချင်တယ် ဗျာ...အဲ့ဒါ ဘယ်လိုလုပ်ရမလဲ ကျွန်တော့်ကိုပြောပါဦး ... ဒီအတိုင်းဆက်သွားနေရင် ယွမ်ယွမ်လည်းမရှိ ကျွန်တော်လည်း မရှိနဲ့ သူစိမ်းတွေကြားမှာ ကလေးတွေတစ်ယောက်တည်းဒုက္ခရောက်နေမယ်.. "
![](https://img.wattpad.com/cover/286435109-288-k659751.jpg)
YOU ARE READING
Be My Summer ( Arc 2) Side Story {程 Chéng version }
EspiritualUnicode Version အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ချောင်မင်းဟန် ပင်လယ်ကိုပြုတ်ကျပြီးတဲ့နောက်ပိုင်း အခြားလောကတစ်ခုကိုကူးပြောင်းသွားခဲ့တယ်။ ကံကောင်းချင်တော့ ဝေကျင့်ဟုန် ရောက်မလာသေးခင် အချိန်ကာလမှာ စုယွမ်ကို သူအရင်ဆုံးရှာတွေ့ခဲ့တယ်လေ။ ဒီတစ်ခါတော့ စုယွမ်ကို ဘယ်...