Unicode Version
ရုတ်တရပ်မို့ စုယွမ် တုံ့ပြန်ချိန်မရလိုက်ပဲ ချောင်မင်းဟန် ရင်ခွင်ထဲ ရောက်သွားတယ်။
နှစ်ယောက်သားအရင်ကတည်းက ရင်းရင်းနှီးနှီးနေလေ့ရှိပေမဲ့ အခုတစ်ခေါက်ကတော့ အတော်လေးကို ပူးပူးကပ်ကပ် အနေအထားမျိုးဖြစ်နေတော့ ရှက်ကိုးရှက်ကန်းနဲ့ အဝေးကိုရှောင်လိုက်ကာမှ တစ်ဖက်လူက သူမကိုနမ်းဖြစ်အောင်နမ်းသွားသေးတယ်။
သတိရရခြင်း မှာတောင်ရုန်းကန်ခြင်းမပြုနိုင်တာကိုက အတော်လေးအံ့ဩစရာဖြစ်လို့နေပြီ။ တဖက်လူရဲ့အပြုအမူတွေက အရမ်းကို ပိုင်စိုးပိုင်နင်းရှိလှတဲ့အပြင် သူမခန္ဓာကိုယ်တစ်ခုလုံးးရုန်းထွက်မရအောင်ချုပ်ထားလိုက်တာ မသိရင် သူ့အပိုင်ကျနေတာပဲ။
သူ့လက်မောင်းတစ်ဖက်တည်းနဲ့ သူမခါးကို ဖက်ထားပြီး နောက်လက်တစ်ဖက်ကလည်း မေးစေ့လေးကိုပင်တင့်ကာ သက်တောင့်သက်သာအနေအထားမျိုးရောက်အောင် ကူညီပေးနေတယ်။
နူတ်ခမ်းလေးတွေကို ငြင်ငြင်သာသာ ထိတွေ့နေရင်းကနေ သာသာလေးဖိကိုက်လိုက်။ နောက်တော့ လျှာဖျားလေးနဲ့စုပ်ယူဆော့ကစားလိုက်နဲ့ အကြိမ်ပေါင်းများစွာ ဝင်ချည်ထွက်ချည် လုပ်ရင်း သူမကိုချော့မြူနေသလို ၊ အနမ်းတွေနဲ့ရင်းနှီးလာအောင် လေ့ကျင့်ပေးသလို ခံစားရတယ်။
ဒီလို အနမ်းမျိုးက စုယွမ်အတွက်တော့ထူးဆန်းနေတာအမှန်ပဲ။ သာမာန်ပါးကိုနမ်းနေကျအနမ်းတွေထက် ပိုပြီးလေးနက်တဲ့အပြင် တဖက်လူက သူမရဲ့စိတ်ကို အကဲစမ်းနေသလို ခံစားမိတယ်။ ဒီထက်ပိုပြီးလေးနက်တဲ့ အနေအထားမျိုးရောက်အောင် ဆွဲခေါ်သွားချင်ပေမဲ့ တစ်ဖက်မှာလည်း သူမဆီက ခွင့်ပြုချက်ရမှ ရှေ့ဆက်တိုးမဲ့ပုံစံဖြစ်နေတယ်။
ဒါကိုသတိထားမိတော့ အခု သူမရဲ့ခါးလေးကို တင်းတင်းကျပ်ကျပ်ထွေးပွေ့ထားတဲ့လူက တော့ဖြင့် လွန်ခဲ့တဲ့နာရီပိုင်းလောက်က အကြမ်းပတမ်းနမ်းခဲ့တဲ့ လူမှ ဟုတ်ရဲ့လားလို့ပြန်တွေးမိတာပဲ။ အဲ့ဒီတုန်းကတော့ သူမကြောက်ကြောက်အလန့်လန့်နဲ့ အသက်တောင်မရူရဲခဲ့ဘူး။
![](https://img.wattpad.com/cover/286435109-288-k659751.jpg)
YOU ARE READING
Be My Summer ( Arc 2) Side Story {程 Chéng version }
SpiritualUnicode Version အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ချောင်မင်းဟန် ပင်လယ်ကိုပြုတ်ကျပြီးတဲ့နောက်ပိုင်း အခြားလောကတစ်ခုကိုကူးပြောင်းသွားခဲ့တယ်။ ကံကောင်းချင်တော့ ဝေကျင့်ဟုန် ရောက်မလာသေးခင် အချိန်ကာလမှာ စုယွမ်ကို သူအရင်ဆုံးရှာတွေ့ခဲ့တယ်လေ။ ဒီတစ်ခါတော့ စုယွမ်ကို ဘယ်...