Chapter 18 (Final)

299 9 2
                                    

Unicode Version


ဒီနေ့လို လနတ်သမီးပွဲတော်နေ့မျိုးမှာ ဟန်ချိုးတို့အိမ်ရှေ့ ဝေကျင့်ဟုန်ရောက်လာတယ်ဆိုတာကောင်းတဲ့လက္ခဏာတော့မဟုတ်တာအမှန်ပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဟန်ချိုးတို့တစ်အိမ်တည်းမဟုတ်ဘူး ဆင်ခြေဖုံးရပ်ကွက်လေးထဲမှာ ရှိသမျှ အိမ်တိုင်းအတွက်တော့ ဝေအိမ်တော်အမှတ်တံဆိပ်ပါတဲ့ အဆင်မြင့်ဇိမ်ခံကားတွေ သူတို့အိမ်ရှေ့ရောက်လာတယ်ဆိုကတည်းက သူတို့အတွက်တော့ အိမ်မက်ဆိုးတစ်ခုလိုပဲ။

အခုလည်းအဖိုးတန် အနက်ရောင်ကားသစ်ကြီးတွေ တန်းစီပြီး လမ်းထဲဝင်လာကတည်းက လူတွေ စိုးတထိတ်ထိတ်ဖြစ်လာကြပြီ၊ ဒီပွဲတော်နေ့မှာ ဘယ်အိမ်က ဝေအိမ်တော်ရဲ့ချွေးမဖြစ်ခွင့်ရမလဲဆိုတဲ့မေးခွန်းပေါင်း မြောက်များစွာနဲ့ လူတိုင်းအိမ်ရှေ့ကိုထွက်လာကြပြီး ကားနောက်ကနေ တသီကြီးလိုက်လာကြတယ်။ နောက်ဆုံးမှာ ကားတန်းကြီးက ဟန်ချိုးတို့ အိမ်ရှေ့မှာရပ်သွားတာမြင်တော့မှပဲ လူတိုင်းက မသိမသာသက်ပြင်းချကာ .. အခြေအနေကိုတိတ်တဆိတ်စောင့်ကြည့်နေတယ်။

အိမ်ရှေ့မှာလူတွေ စုပြုံတိုးဝှေ့နေချိန် ကားပေါ်ကနေ အသက်သုံးဆယ်အရွယ်အမျိုးသားတစ်ယောက်ဆင်းချလာပြီး ဆယ့်သုံးနှစ်ခန့်အရွယ်ရှိတဲ့ကောင်လေးတစ်ယောက်ကိုတယုတယပွေ့ချီကာ အိမ်ထဲဝင်သွားတာမြင်တော့မှပဲလူတိုင်းက ခေါင်းတညိမ့်ညိမ့် နဲ့ သူ့အလိုလို လူစုခွဲသွားကြတယ်။

သူတို့မြင်ဖူးနေကျကျန်မျိုးနွယ်ဝင်ကိုမြင်တာနဲ့လူတွေစိတ်အေးသွားကြပေမဲ့ အိမ်ရှင်တွေ ရင်ထဲမှာတော့ သောကတိုက်ပွဲဆင်နွဲနေကြတယ်။

အထူးသဖြင့် ဟန်ချိုးက ဧည့်သည်တွေဝင်လာတာမြင်တာနဲ့ ချက်ချင်း မျက်စိပျက်မျက်နှာပျက်ဖြစ်လာတယ်။ အိမ်ထဲကို ဧည့်သည်တွေဝင်မလာခင် ခပ်မြန်မြန်ပဲ သူ့မိန်းမကိုခေါင်းလှည့်ကြည့်ပြီး ...

" သွား... အိပ်ခန်းထဲသွားနေ... ဧည့်သည်တွေပြန်မှ ပြန်ထွက်လာခဲ့...သွား..မြန်မြန်သွား... "

ရုတ်တရပ်ဆိုတော့ နဉ်ရှီးဖျင်လည်း ဘာလုပ်ရမယ်မသိ၊ ဟန်ချိုးမျက်နှာပေါ်က စိုးရိမ်သောကတွေမြင်တော့မှပဲ သူဘာကိုဆိုလိုချင်မှန်း ရိပ်မိသွားပြီး အိပ်ခန်းထဲကို အလျင်စလိုပြေးဝင်သွားတယ်၊

Be My Summer  ( Arc 2) Side Story  {程 Chéng  version }Where stories live. Discover now