Unicode Version
နဉ်ရှီးဖျင် အတွက်တော့ ဟန်ချိုးပြောသမျှက စကားအပိုတွေချည်းပဲလို့ သူမစိတ်ထဲထင်နေတယ်။
ဘာ့ကြောင့်လဲဆိုတော့ စောနလေးကတင် သမီးလေးကိုခေါ်ပြီးအဝတ်အစားလဲ ပေးတုန်းက သမီးလေးကိုယ်မှာ မသင်္ကာဖွယ်ရာ အနီကွက်လေးတွေပေါ်နေတာသူမအမှတ်မထင်မြင်မိလိုက်တယ်။
သူမကိုယ်တိုင်ကလည်းအရွယ်ရောက်ပြီးသူတစ်ယောက်မို့ ဒီကလေးနှစ်ယောက်အပြင်မှာဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာ မသိပဲနေပါ့မလား။သမီးမိန်းကလေးရှင်ဘက်ကမို့ အရွယ်မရောက်သေးတဲ့ ကိုယ့်သမီးလေးအတွက် နှမျောတဿဖြစ်မိပေမဲ့ တကယ်တမ်းသေချာတွေးကြည့်ရင် ဆင်းရဲနုံချာတဲ့ဘဝမှ မွေးဖွားကြီးပြင်းလာတဲ့ မိန်းကလေးတွေအတွက် အိမ်ထောင်ဖက်ရွေးချယ်ခွင့်က သာမာန်ထက်နည်းပါးတာ အမှန်ပဲ။
သမီးလေးရဲ့ ပါပါးက ဘယ်လောက်ပဲ အလုပ်ကြိုးစားတယ်ပြောပြော သူ့မှာက ဆွေမျိုးသားချင်းမရှိ မိဘမဲ့တစ်ကောင်ကြွက် ဖြစ်ခဲ့တယ်ဆိုတဲ့ နောက်ခံရာဇာဝင်ကြီးရှိနေတော့ ဒီအကြောင်းအရာကြောင့်ပဲ ဖြစ်ဖြစ်သမီး အသက်ကြီးလာရင်တောင် အိမ်ထောင်ဖက်ကောင်းတွေ့မဲ့ပုံမပေါ်ဘူး။
လူဆိုတာ ပစ္စည်းဉစ္စာ အခြွေအရံတွေ ဘယ်လောက်ပဲပေါများပါစေ အိမ်ထောင်ပြုဖို့လိုလာပြီဟေ့ဆိုတာနဲ့ တစ်ဖက်လူရဲ့နောက်ခံအသိုင်းအဝိုင်း နောက်ကြောင်းရာဇဝင်ကို စူးစမ်းလေ့လာကြစမြဲပဲလေ။တကယ်လို့များ ဒီနေရာမှာ ချောင်မျိုးနွယ်ဝင် သားအဖတွေမဟုတ်ပဲ တခြားလူ သာဖြစ်ခဲ့ရင် သမီးလေးကို ချစ်ပါတယ်ဆိုရင်တောင် မိဘတွေကိုကြည့်ပြီး တခါတည်း ခေါင်းခါသွားကြမှာ ။
ဒါကိုသိနေမှတော့ မိန်းကလေးရှင်ဘက်ကလည်း ဒီထက်ပိုအချိန်ဆွဲတာမျိုးမလုပ်တော့ပဲ သားရေးသမီးရေးကို သေချာအလေးအနက်ထားပြီးဆွေးနွေးတာ ကောင်းလိမ့်မယ်လို့ သူမတွေးမိတယ်။
နောက်ပြီး တစ်ဖက်ကကြည့်ရင်လည်း အားဟန်ဆိုတဲ့ကောင်လေးက သူမမျက်လုံးထဲ ကြည့်ရသလောက်မဆိုးပါဘူး။ ငယ်ငယ်တုန်းကတော့ ကလေးအချင်းချင်း သမီးလေး အပေါ် သာမာန် မောင်နှမသံယောဇဉ် နဲ့စောင့်ရှောက်ပေးတယ်လို့ပဲ တွေးခဲ့တယ်။ ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ သူရဲ့အပြုအမူတွေက ထူးဆန်းလာတာမြင်တော့ သူမစိတ်ထဲ တခုခုပဲလို့ထင်ပြီး ဒီကောင်လေးကိုစိတ်ဝင်တစားစောင့်ကြည့်နေခဲ့တာ အခုတော့ အဖြေကိုပြတ်ပြတ်သားသားသိလိုက်ရပြီ။
YOU ARE READING
Be My Summer ( Arc 2) Side Story {程 Chéng version }
SpiritualUnicode Version အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ ချောင်မင်းဟန် ပင်လယ်ကိုပြုတ်ကျပြီးတဲ့နောက်ပိုင်း အခြားလောကတစ်ခုကိုကူးပြောင်းသွားခဲ့တယ်။ ကံကောင်းချင်တော့ ဝေကျင့်ဟုန် ရောက်မလာသေးခင် အချိန်ကာလမှာ စုယွမ်ကို သူအရင်ဆုံးရှာတွေ့ခဲ့တယ်လေ။ ဒီတစ်ခါတော့ စုယွမ်ကို ဘယ်...