Chapter 4 ( I Miss My Family )

218 17 6
                                    


Unicode Version 

  ချောင်ယွဲ့ချန်တယောက် ထုံးစံအတိုင်းရေချိန်ကိုက်ပြီးမှ အလုပ်ကနေအိမ်ကို ပြန်ရောက်လာတယ်။ အသက်လေးဆယ်ကျော်အရွယ် ယောင်္ကျားသားတစ်ယောက်အတွက်တော့ အသောက်အစား ကင်းတယ်လို့ဘယ်ရှိပါ့မလဲ...တနေကုန်ကုန်ထမ်းလို့ပင်ပန်းခဲ့ရသမျှ  အလုပ်သိမ်းချိန်ရောက်တော့မှပဲ အရက်လေး မစို့မပို့သောက်.. ပြီး ဖြေဖျောက်ရတာကိုး။ 

 အင်း.. ဒါပေမဲ့ ဒီနေ့တော့ ခါတိုင်းနေ့တွေနဲ့မတူ အတော်လေးထူးခြားတယ်လို့ဆိုရမယ်...။ ခါတိုင်းဆို အရက်သောက်ပြီးလို့ လက်ထဲ ကျန်တဲ့ပိုက်ဆံလေးနဲ့  အိမ်မှာကျန်ခဲ့တဲ့ သားလေးအတွက်..လမ်းထိပ်က ဆိုင်မှာပေါက်စီလေးဝယ်နေကျ၊

 ဒီနေ့တော့ ထူးထူးဆန်းဆန်းးသူနဲ့အရက်သောက်ဖော်သောက်ဖက် သူငယ်ချင်းတစ်ယောက်က အရက်ဝိုင်းကို ဒကာခံ လိုက်တယ်လေ.. ။ ဒီကောင်လည်း အခုမှ ဘာစိတ်ကူးပေါက်တယ်မသိပါဘူး...  သူ့မိန်းမ က မုန့်ဖိုးပေးလိုက်တယ်ဆိုလား..လက်ထဲမှာ ယွမ် 500တန်ကြီးကိုင်ပြီးရောက်ချလာတာ..။ သူဖြင့်မယုံရေးချ မယုံချင်.. ။ သူ့မိန်းမလား မုန့်ဖိုးပေးမှာ...မကြီးမငယ်နဲ့...ကြည့်ရတာ ဒီကောင်မိန်းမပိုက်ဆံအိပ်ထဲက နိူက်လာတာပဲဖြစ်ရမယ်.. ။  ဒါပေမဲ့လည်းလေ.. ဘာပဲဖြစ်ဖြစ် ဒကာ ခံမဲ့သူရှိတော့လည်း သောက်ရတာပေါ့။   အရင်နေ့တွေတုန်းကဆို ဖြစ်သလို အရက်ဖြူတွေချည်းပဲ လှိမ့်သောက်ခဲ့ရတာ ..အခုများတော့ အရက်ကလေးနဲ့ အမြည်းလေးနဲ့ လူလိုသူလို  အူကိုစိုပြေနေတော့တာပဲ။ 


ဒါနဲ့ ပဲဒီနေ့အတွက် လုပ်အားခရတဲ့ ယွမ် 300 ကို တပြားတချက်မှမသုံးပဲ ဈေးထဲကိုဝင် သားလေးကြိုက်တဲ့ အမဲသားဟင်းလေးဝယ်ပြီးအိမ်ကို တန်းတန်းမတ်မတ်ပြန်လာတယ်ဆိုပါတော့..။

တကယ်တော့ အမဲသားဆိုတာမျိုးက အစိမ်းအတိုင်းဝယ်ပြီးအိမ်မှာချက်စားရင် သုံးရက်လောက်တော့ အဝတီးလို့ရတယ်.. ဒါပေမဲ့ သိတဲ့အတိုင်း.. အိမ်မှာကဆယ်နှစ်နှစ်သားအရွယ်သားလေး နဲ့သူနဲ့ပဲ အများဆုံးနေဖြစ်တာဆိုတော့  ထမင်းဟင်းပုံမှန် ဘယ်ချက်စားနိုင်ပါ့မလဲ။  သူကလည်းတသက်လုံးလူဘော ကြော့နေလာတဲ့ ကောင်ဆိုတော့ ထမင်းချက်ဖို့နေနေသာသာ မီးတောင် မမွှေးတတ်၊ သားလေး ကတော့ အသက်ငယ်သေးတော့ထားပါတော့လေ...။ သူကိုယ်တိုင်လည်း ပင်ပန်းမှာစိုးတော့မခိုင်းရက်။ 

Be My Summer  ( Arc 2) Side Story  {程 Chéng  version }Where stories live. Discover now