𝕆𝕟𝕖

4.2K 286 11
                                    

Uni

"မမ"

"ဟင်"

သူနာပြုက ချက်ချင်းလှည့်ကြည့်လာကာ ပွင့်ချပ်ကို မြင်သည်နှင့် ပြုံးပြ၏။

"ပွင့်ချပ်လေး တစ်ယောက်တည်းလား။ အုပ်ကြီးရော မပါဘူးလား"

သူနာပြုနှင့် စကားပြောနေသည့် ကောင်လေးသည် အရပ်ပုလှသည်မို့ သူနာပြုမလေးက သူ့ခါးကို အနည်းငယ်ညွတ်လိုက်ရင်း ပြုံးကာမေးလိုက်သည်။

"ဘိုးဘိုး ဘယ်ပျောက်သွားမှန်းမသိလို့"

"အင် ဟုတ်လား။ ဒီအချိန်ဆိုရင်တော့ VIP roomတွေထဲကို လိုက်စစ်နေကျပဲ ပွင့်ချပ်လေးရဲ့။ မမ လိုက်တော့ပို့ချင်တယ် မြင်တဲ့အတိုင်းပဲ Dutyကျနေလို့။ ပွင့်ချပ်လေးတစ်ယောက်တည်းသွားလို့ဖြစ်ရဲ့လား"

အမေးခံရသည့် ကောင်လေးသည် သူ့လက်စွဲ ပင်ကွင်းရုပ်လေးကို ချစ်စရာကောင်းစွာ ပွေ့ပိုက်ထားကာ ခေါင်းညိတ်ပြ၏။ ထို့နောက် လုံးလုံးလုံးလုံးနှင့် VIP roomတွေဘက်သို့ ခပ်ဖွဖွပြေးထွက်သွားလေတော့သည်။

ကျန်ခဲ့သည့် သူနာပြုမလေးသည် ၁၆နှစ်အရွယ်ဖြစ်သော်ငြား ကလေးလိုဖြစ်နေရှာသည့် ထိုကောင်လေး၏ ကျောပြင်ကို ငေးကာ သက်ပြင်းဖွဖွချ၏။ တော်သေးတာတစ်ခုက ပွင့်ချပ်အဖိုးဟာ စိတ်ရောဂါအထူးကုဆေးရုံရဲ့ ဆေးရုံအုပ် ဖြစ်နေလို့သာပဲ။ မဟုတ်ရင် ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးက သနားစရာပင်။

"ကျွီ"

တံခါးက လော့ချမထားတာမို့ ပွင့်ချပ်က သူ့လက်သေးသေးတွေနဲ့ တွန်းဖွင့်လိုက်သည်။ ဘိုးဘိုးရှိနေမည်ဟု ထင်ခဲ့သော်လည်း စင်စစ်မှာတော့ ဤအခန်းထဲတွင် ကုတင်ပေါ်လဲလျောင်းနေသည့် လူတစ်ယောက်သာ ရှိခဲ့သည်။

အခန်းသည် အလင်းရောင်နှင့် လင်းကျင်းနေရမည် ဖြစ်သော်ငြား ယခုမူ အလင်းရောင်သည် မှောင်မိုက်ကာ မှိန်ပျပျဖြင့် ကြောက်စရာကောင်းနေ၏။

ပွင့်ချပ် သူ့လက်ထဲက ပင်ကွင်းရုပ်လေးကို တင်းခနဲ ပွေ့ပိုက်လိုက်မိသည်။ အလင်းမှိန်မှိန်ကြောင့် ထိုလူ၏ ပုံပန်းသွင်ပြင်ကို သေချာမမြင်ရသော်လည်း ထိုသည်ကပင် သူ့ခြေလှမ်းတွေကို ရှေ့သို့ တိုးစေခဲ့သည်။ အလင်းရောင် မှုန်ဝါးဝါးထဲက ကုတင်ပေါ်မှ ထိုပုံရိပ်သည် သူ့ကို အခန်းထဲဝင်လာအောင် ဆွဲဆောင်နေသယောင်ပင်။

ပွင့်ချပ်လေးရဲ့ ရာဇဝင် ℂ𝕆𝕄ℙ𝕃𝔼𝕋𝔼𝔻Where stories live. Discover now