𝕊𝕚𝕩

1.7K 244 5
                                    

Uni

သွယ်လျသော လက်ချောင်းဖြူဖြူတို့က ထိုင်ခုံလက်တန်းပေါ် တဒေါက်ဒေါက်ခေါက်နေ၏။ စည်းချက်ကျကျ ခေါက်နေသည့် ထိုလက်ချောင်းတို့က ကျောက်စိမ်းဖြင့် ထုဆစ်သကဲ့သို့ လှပလွန်းသည်။ သို့ပါသော်လည်း လက်ချောင်းပိုင်ရှင်၏ မျက်ဝန်းများသည် ခါတိုင်းလို လှပစွာ တောက်ပမနေပေ။ ထိုမျက်ဝန်းတို့က ခြောက်ခြားခြင်းကြောင့် မတည်မငြိမ်ဖြစ်နေကာ နားထင်မှာလည်း ချွေးအနည်းငယ်က စို့လျက်သား။

နာရီလက်သံတချက်ချက်က သူမနားထဲသို့ ကျယ်လောင်စွာ မြည်ဟီးနေသည်။ အိမ်အဝသို့ကြည့်လိုက်၏။ လှုပ်ရှားမှုမရှိ၊ ကားသံမရှိ ပတ်ဝန်းကျင်သည် ဆိတ်ငြိမ်လျက်သား။

သူမ အရှေ့မှာ ငိုက်နေသည့် အိမ်အကူကောင်မလေး နှစ်ယောက်ကို စိတ်ရှုပ်စွာကြည့်လိုက်သည်။ တကယ်တမ်းတော့ ည၁၁နာရီဆိုတာ ဘယ်သူက တောင့်ခံနိုင်တဲ့အချိန်မို့လဲ။ ပင်ပန်းစွာအလုပ်လုပ်ထားရသော ဤကလေးမများက အိပ်ချင်ပေလိမ့်မည်။ သို့သော် သူမ မစာနာနိုင်။ လောလောဆယ်မှာ ညတိုင်းအိပ်မရဖြစ်နေသူမို့ အိပ်ချင်တိုင်းအိပ်လို့ရနေသည့် ကောင်မလေးနှစ်ယောက်အပေါ် မနာလိုစိတ်က ထင်းလျက်သား။

"ထစမ်း နင်တို့ကိုငိုက်ဖို့ခေါ်ထားတယ်များ မှတ်နေလား"

သူမ အော်သံကျယ်ကြီးကြောင့် နှစ်ယောက်သားအလန့်တကြားဖြစ်ကုန်ကြပြီး မျက်လုံးပြူးလေးတွေဖြင့် ငြိမ်သက်ကုန်ကြသည်။ ဆု ဒေါသကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ရင်ဘတ်ကို ထိန်းကာ မောင့်ဆီဖုန်းခေါ်လိုက်သည်။

ညမှောင်ပြီဆိုကတည်းက မောင့်ဆီ တဂျီဂျီဖုန်းခေါ်နေရသည်။ မိခင်သေထားသူမို့ မောင့်ကို သူမ နားလည်ပေးချင်ပါသည်။ သို့သော် မိခင်သေလို့ အိမ်မကပ်ရလောက်အောင် ကြောက်နေတာကိုတော့ သူမ သဘောမကျတော့။ မင်းသခင်ဆိုရင် ဒီလိုအချိန်မျိုးမှာ ဘယ်လိုနေမလဲ။ ဒီနှစ်ယောက်ကို ယှဉ်တွေးစိတ်က သူမမှာ အမြဲဝင်သည်။ မင်းသခင်က သူမကို မချစ်သာမချစ်တာ။ ယောကျာ်းကောင်းပီသတဲ့နေရာမှာတော့ မောင့်ထက် အပုံကြီးသာသည်ပင်။ နောက်ပြီး မင်းသခင်က မောင့်ထက်ချောသည်။

ပွင့်ချပ်လေးရဲ့ ရာဇဝင် ℂ𝕆𝕄ℙ𝕃𝔼𝕋𝔼𝔻Where stories live. Discover now