𝕋𝕙𝕣𝕖𝕖

1.9K 260 11
                                    

Uni

နန်းတော်တမျှ လှပနေသော အခန်းကြီးအတွင်း၌ တခမ်းတနားပြင်ဆင်ထားသော အိပ်ရာကြီးဘေးဝယ် ဒေါ်လာသိန်းနဲ့ချီတန်သည့် အလှကုန်ပစ္စည်းတွေကို အသာအယာလိမ်းကျံနေသည့် မိန်းမကြီးတစ်ယောက်ရှိ၏။ မှန်တင်ခုံသည် ကြီးမားကျယ်ပြန့်လှကာ အသားအရည်ထိန်းသိမ်းသည့် cosmeticsပစ္စည်းတွေကလည်း စင်နဲ့တင်ပြီး ဘူးတွေနဲ့ ပိတ်သိမ်းတာတောင် မလောက်နိုင်။

ထိုပစ္စည်းတွေ၏ ပိုင်ရှင် မိန်းမကြီးကတော့ အမွှေးနံ့တွေ ထုံသင်းနေသည့် ကိုယ့်လက်ကို ကျေနပ်အားရစွာ နမ်းကြည့်ရင်း ပြုံးလိုက်သည်။ ရေချိုးပြီးစဖြစ်၍ နေရထိုင်ရတာ လန်းဆန်းမွှေးပျံ့နေသည် မဟုတ်လား။

တံခါးဆီမှ ဘဲလ်သံသဲ့သဲ့ကို သူမ ရုတ်တရက်ကြားလိုက်ရ၏။ သားတို့လင်မယား ပြန်လာတာဖြစ်ပေမည်။ လိမ်းကျံထားသည့် ဘူးကို ပြန်ပိတ်လိုက်ရင်း ပိုးညဝတ်ဂါဝန်ကို သေသေသပ်သပ်ဆွဲချလိုက်ကာ အခန်းပြင်သို့ထွက်လိုက်၏။

သို့သော် ဧည့်ခန်းမှာ သူမ မြင်ချင်သည့် သားနဲ့ချွေးမက ရှိမနေပေ။ အဲ့ဒီအစား အိမ်စေကောင်မလေးတစ်ယောက်ကသာ နေကြာပန်းခပ်ကြီးကြီးကို ကိုင်လျက် ငူငူငိုင်ငိုင်ရပ်နေသည်။

"ဟဲ့ နင် အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ ဘယ်သူလာတာလဲ ဧည့်သည်လား။ နင့်သူဌေးပြန်လာတာ မဟုတ်ဘူးလား"

"မဟုတ်ဘူး သခင်မကြီး။ အပြင်ကြည့်လိုက်တော့ ဘယ်သူမှလည်းမရှိဘူး။ ဒီပန်းလာထားသွားတာပဲတွေ့တယ်"

မိန်းမကြီးက မကျေနပ်စွာမျက်မှောင်ကုပ်လိုက်သည်။ ဒီကွန်ဒိုတွေမှာက သူဌေးတွေချည်းနေနိုင်သည်။ ကွန်ဒိုမှာနေတဲ့လူမဟုတ်ရင် ကွန်ဒိုထဲဝင်ဖို့တောင် မလွယ်သည့် တင်းကြပ်သည့်စည်းကမ်းလည်းရှိသည်။ ဒီတော့ တရားခံသည် အသေအချာကိုပင် ချမ်းသာတဲ့လူဖြစ်မှာပင်။ ဒါပေမဲ့ ဒီပန်းရဲ့ ရည်ရွယ်ချက်ကို သူမ ခန့်မှန်းမရ။ အိမ်စေကောင်မလေးကို ရည်ရွယ်တာလည်းမဟုတ်လောက်သည့်အပြင် အိုကြီးအိုမ သူမကို ရည်ရွယ်တာလည်း မဖြစ်နိုင်။ ချွေးမကလည်း အိမ်ထောင်ရှိပြီးသားသူပေမို့ အခန်းမှားပို့တာ နေလိမ့်မည်။

ပွင့်ချပ်လေးရဲ့ ရာဇဝင် ℂ𝕆𝕄ℙ𝕃𝔼𝕋𝔼𝔻Where stories live. Discover now