𝕊𝕖𝕧𝕖𝕟

2K 254 6
                                    

Uni

"ကိုကို"

ပွင့်ချပ် သူ့ရှေ့မှလူကို မဝံ့မရဲခေါ်ရင်းဖြင့် အနောက်ကို ဆုတ်လိုက်သည်။ ဆိုဖာခုံမှာ ကျကျနနထိုင်ရင်း ခံစားချက်မဲ့သော မျက်ဝန်းများနှင့် အနက်ရောင် တစ္ဆေသည် ကောင်လေး၏ လှုပ်ရှားမှုတိုင်းကို စေ့စပ်စွာလိုက်ကြည့်နေသည်။

ပွင့်ချပ် ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။ ဒါက ဘိုးဘိုးရဲ့ဆေးရုံဆိုပေမဲ့ အခုအချိန်မှာ မှောင်မည်းလျှက် ရှိကာ အလင်းရောင်ပျပျမှလွဲ၍ လူသူအရိပ်အယောင်လည်း မတွေ့ရ။

ကြောက်ရွံ့ထိတ်လန့်သော ခံစားချက်ကြောင့် အနောက်ကို တဖြည်းဖြည်းဆုတ်သွားမိသည်။ ခြေထောက်တွေကို ရွှေ့မရတော့သည့်အချိန် သူ့အနောက်မှာ ပိတ်ထားသည့် တံခါးတစ်ချပ်က ကြံ့ကြံ့ခံ တည်ရှိနေခဲ့သည်။ ပွင့်ချပ် တော်တော်ကြီး ကြောက်နေသည်။ ကိုကိုက သေပြီးပြီ။ သူ သေတယ်ဆိုတာ သေချာမသိပေမဲ့လည်း သွေးတွေနဲ့ကြောက်စရာကောင်းလှတဲ့ ကိုကို့ပုံစံက အာရုံထဲမှာ စွဲနေသည်။

နောက်ပြီး ကိုကိုက တခြားလူကိုလည်း ရက်ရက်စက်စက်နာကျင်အောင် လုပ်သေးသည်။ သူနဲ့စကားပြောပြီး သူ့ကိုပြုံးပြခဲ့သည့် ကိုကိုက အခုတော့ နွေးထွေးမှုမရှိ။ ပကတိအေးစက်နေသည်။ သူ့ကိုကြည့်သည့် မျက်ဝန်းတွေကတောင် သက်မဲ့အရာဝတ္ထုတစ်ခုကို ကြည့်သလိုမျိုးမို့ ခြောက်ခြားပြီးရင်း ခြောက်ခြားမိသည်။ ကိုကိုက သူ့ကိုလည်း ဟိုမိန်းမကြီးလို နာအောင်လုပ်တော့မှာလား။

အနက်ရောင်တစ္ဆေက အတွေးပွားနေသော ကောင်လေးအား ဂရုမစိုက်စွာ ခပ်ဖြည်းဖြည်းထရပ်လိုက်သည်။ နှေးကွေးပြီး အေးစက်တဲ့ ဖိနပ်သံက ကောင်လေးနှင့် တဖြည်းဖြည်းနီးကပ်လာသည်။ သူ့ထက် တော်တော်လေးအရပ်ပုသည့် ကောင်လေးအား အထက်စီးမှ ငုံ့ကြည့်ကာ နေကြာပန်းတစ်ပွင့်ထုတ်ပေးလိုက်သည်။ အဝါရောင်နေကြာပန်းလေးက လှပပြီး ပျော်ရွှင်မှုကို ကိုယ်စားပြုသော်ငြား ပွင့်ချပ် မယူရဲပေ။

ဟိုအန်တီကြီးကို သွေးတွေထွက်ပြီး သေအောင်မလုပ်ခင်မှာလည်း ဒီလိုပဲ နေကြာပန်းကို ပေးခဲ့တာပဲလေ။ လှုပ်မရအောင် တောင့်ခဲနေသည့် ခန္ဓာကိုယ်လေးက ချွေးစေးတွေ ချက်ချင်းထွက်လာကာ မျက်လုံးဝိုင်းတွေမှာ မျက်ရည်တွေ ဝိုင်းအိလာသည်။ လက်ဖျားတွေကအစ အေးစက်ပြီး တဆတ်ဆတ်တုန်နေကာ နှုတ်ခမ်းသေးသေးနောက်မှ သွားပိစိတွေတောင် တဂတ်ဂတ်ရိုက်ကုန်သည်။

ပွင့်ချပ်လေးရဲ့ ရာဇဝင် ℂ𝕆𝕄ℙ𝕃𝔼𝕋𝔼𝔻Where stories live. Discover now