𝔽𝕚𝕟𝕒𝕝

3.3K 329 66
                                    

Uni

"ကလေးက ရုတ်တရက် နိုးမလာတော့ဘူး ဒေါက်တာ"

ကုတင်ပေါ်ရှိ ငြိမ်သက်လဲလျောင်းနေသော ကောင်လေးအား ကြည့်ရင်း မိခင်ဖြစ်သူက ပြောသည်။ မျက်ရည်တွေသည် သူမပါးပြင်ပေါ် ဖြတ်သန်းစီးဆင်းလျှက်။ ကလေးငယ်၏ အဘိုးဖြစ်သူကလည်း အခန်းထောင့်မှာ မျက်နှာကွယ်၍ မျက်ရည်သုတ်လျှက်ရှိသည်။ လွန်ခဲ့သည့်ရက်ကတင် ကလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ နေပြန်ကောင်းလာလို့ ကျေနပ်ခဲ့ကြသည် မဟုတ်လား။ ယခုမှ ရုတ်တရက်ကြီး...

ဆရာဝန်က မျက်မှောင်ကျုံ့လျှက် ခန္ဓာကိုယ် စစ်ဆေးမှုအားလုံးကို ခြုံငုံလုပ်ကြည့်လိုက်သည်။ ကလေး၏ မျက်နှာသည် ဖြူဖျော့နေကာ အိပ်ပျော်နေသလိုပင်။ သို့သော် တစ်ခါတလေ အရမ်းကြောက်နေသလို၊ အိပ်မက်ဆိုးမက်နေသလို ချွေးစေးတွေကျလာသည်ဟူ၍လည်း မိခင်ကပြောသေးသည်။

"ဘာဖြစ်တာလဲဟင် ဒေါက်တာ"

ဆရာဝန်က နားကြပ်ကိုဖြုတ်ရင်းသား မျက်မှောင်ကျုံ့ကာ ကုတင်ပေါ်က ကောင်လေးကို ကြာကြာစိုက်ကြည့်၍ နေလေသည်။

"မူမမှန်တာ မရှိဘူး အန်တီ။ အိပ်နေသလိုမျိုးပဲ"

"ဟင်"

မိခင်ဖြစ်သူရဲ့မျက်နှာက ထိန့်လန့်သွားသည့် ဟန်ပင်။ ရောဂါသိလျှင် ဆေးရှိလို့ရသေးသည်။ အခုက ဘာရောဂါမှရှိမနေဘဲ ဘာဖြစ်နေမှန်းလဲ မသိ။

"သား သားငယ် ပွင့်ချပ်။ နေပွင့်ချပ် မေမေ့သား ထူးပါဦးသားရယ် ထပါဦး မေမေ့ဆီပြန်လာပါ သားရယ်"

ကုတင်ပေါ်က ငြိမ်သက်နေသော ကောင်လေးအား အတင်းကာရော လှုပ်ရမ်းကာဖြင့် သူမ နှိုးနေမိသည်။ အိပ်ပျော်နေသလိုပါပဲဆိုပေမဲ့ နှိုးမရတာကို ဘယ်လိုလုပ်ကြရပါ့မလဲ။ အသက်ရှူနှုန်းကအစ ခန္ဓာကိုယ်တစ်ခုလုံး အကောင်းတိုင်းကြီး ရှိနေသေးတာကို ဘာလို့နိုးမလာရတာလဲ။

"သမီး စိတ်ထိန်းစမ်း"

အဖေက အနားကိုရောက်လာကာ ကလေးကို သူမလက်ထဲမှ ဆွဲထုတ်၍ ကုတင်ပေါ်သို့ ဂရုတစိုက် ပြန်လဲလျောင်းစေလိုက်သည်။

"ပုစ္ဆာရှိရင် အဖြေရှိပါသေးတယ်။ ငါ့မှာ ငါ့မြေးကို ကုဖို့ ပစ္စည်းအလုံအလောက်ရှိတယ်။ နင် ရုပ်ပျက်ဆင်းပျက်ဖြစ်မနေနဲ့။ သူ ပြန်လာမယ်လို့ ငါတို့ယုံထားမှ ဖြစ်မယ်"

ပွင့်ချပ်လေးရဲ့ ရာဇဝင် ℂ𝕆𝕄ℙ𝕃𝔼𝕋𝔼𝔻Where stories live. Discover now