𝔽𝕠𝕦𝕣

1.8K 242 2
                                    

Uni

အဖြူဖျော့ဖျော့ဆေးသုတ်ထားသည့် အခန်းငယ်အတွင်း၌ ကောင်လေးတစ်ယောက် လဲလျောင်းနေသည်။ အဖျားရှိန်ကြောင့် သူ၏ ဖြူဖွေးသော အသားအရည်တို့မှာ နီလဲ့လဲ့ဖြစ်နေသည်။ စောင်ဖြူဖြူနှင့် အနွေးထည်ထူထူအောက် နစ်မြုပ်ထားခံရပြီး ခေါင်းလေးပဲ ဖော်ထားကာ မျက်မှောင်ကျုံ့၍ အိပ်နေပုံလေးက မွေးကင်းစ ကလေးလေးနှင့် တူလှသည်။

ခုတင်ဘေးတွင် ထိုင်နေသော မိန်းမကြီးသည် သူ့သားလေး၏ ရှုပ်ပွနေသော ဆံပင်များကို သပ်ရပ်အောင် လက်နဲ့သပ်ပေးရင်း မျက်ရည်တွေဝဲနေခဲ့သည်။ ဟိုလူနာ ရုပ်ပျက်ဆင်းပျက် ဆုံးပါးသွားတာကို မြင်ပြီးကတည်းက ကလေးက မျက်ဖြူလန်ပြီး ဆေးရုံရောက်သွားသည်။ ပြန်သတိမရသေးလို့ ပူပန်နေကြတုန်းမှာ အော်ရင်းဟစ်ရင်း သတိပြန်လည်လာတဲ့ သားလေးကို ကြည့်ကာ သူမ ငိုရပြန်သည်။

သားငယ်က တကယ်စိတ်နုသည်။ စိတ်ကျန်းမာရေးလည်း သာမန်လူတွေလို မဟုတ်ရှာတော့ ကလေးလေးလို နူးနူးညံ့ညံ့ထားရမည့် အခြေအနေ။ ဒါကို သွေးတွေပါမြင်လိုက်တော့ အလန့်လွန်ပြီး ကယောင်ကတန်းတွေဖြစ်နေရှာသည့် သားငယ်လေးက သနားစဖွယ်။

ဆရာဝန်ကတော့ ဆေးရုံက တန်းဆင်းခိုင်းပြီး အိမ်မှာပဲ ကုစေသည်။ အဖျားကြီးနေတာတောင် ဆေးရုံကို မလာခိုင်းသည်က သားငယ်ရဲ့ စိတ်အခြေအနေကြောင့်ဖြစ်သည်။ သားငယ်လေး ဒီလိုရှိနေတာ ဘာမှမဖြစ်ပေမဲ့ သွက်သွက်ခါအောင်သာ ရူးသွားခဲ့လျှင်...။
သေချာသည် သူမ သနားလွန်း၍ တကယ်သေနိုင်သည်ပင်။

"သမီးရေ မြေး အိပ်နေတာလား"

အခန်းဝကို ရောက်လာသည့် အဖေက သူ့မြေး မနိုးအောင် အသံခပ်တိုးတိုးနှင့် ပြောရှာသည်။

"ဟုတ်တယ် အဖေ။ နိုးလာရင် ဆန်ပြုတ်သောက်ခိုင်းပြီး ဆေးတိုက်ရမှာ။ နိုးမလာသေးလို့"

"အိပ်ပါစေသမီးရယ်။ သူ ညညတွေ မအိပ်တာ သုံးရက်လောက်ရှိပြီလေ"

"ဟုတ်ကဲ့ အဖေ သမီးသိပါတယ်"

"လာလာ ငါနင့်ကို တိုင်ပင်စရာရှိသေးတယ်။ ကလေးအိပ်နေတာဆိုတော့ ငါနဲ့ ခဏလိုက်ခဲ့ဦး"

ပွင့်ချပ်လေးရဲ့ ရာဇဝင် ℂ𝕆𝕄ℙ𝕃𝔼𝕋𝔼𝔻Where stories live. Discover now