𝔽𝕚𝕧𝕖

1.7K 236 6
                                    

Uni

ကျယ်ဝန်းပြီး သန့်ရှင်းသော ရုံးခန်းကြီးထဲ၌ လူတစ်ယောက်သည် ဆိတ်ငြိမ်စွာ ထိုင်နေ၏။ ညဘက်ဖြစ်သော်ငြား ကုမ္ပဏီပတ်ဝန်းကျင်အနေအထားက မြို့လယ်တွင်ဖြစ်သည့်အတွက် သက်ဝင်လှုပ်ရှားသော ညက မီးရောင်တွေနဲ့ ထင်ဟပ်နေသည်။ ထိုမီးရောင်တွေနဲ့ ရုံးခန်းကျယ်ကို မှန်နံရံကြီးက ခြားထားကာ အပြင်မှာ ပျော်မွေ့ဆူညံနေသလောက် အထဲမှာ ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

Ring...

ဖုန်းသံသည် တိတ်ဆိတ်မှုကို ဖြိုခွဲ၍ ရုတ်တရက်ထွက်လာသည်။ ထိုင်နေသည့်လူက ပြင်းထန်သော လန့်ကြောက်မှုကြောင့် ဆတ်ခနဲတစ်ချက်တုန်သွားကာ ဖုန်းလာတာမှန်းသိလိုက်တော့မှ သက်ပြင်းချလိုက်သည်။

"Hello"

(မောင် ပြန်လာတော့လေ မောင်ရယ်။ ဆု... ဟို ည ညနက်နေပြီ မောင်။ ဒီနေ့တော့ စောစောပြန်ခဲ့ပါနော် နော် မောင်)

ဖုန်းထဲက ဆုအသံက တုန်ယင်နေသည်။ သူ သက်ပြင်းမောချလိုက်၏။

"အင်းပါဆု ကိုယ် ပြန်လာခဲ့မယ်"

(မြန်မြန်နော် မောင်)

တုန်ရီရီလေသံဖြင့်ပင် ဆုက ဖုန်းချသွားသည်။ တိတ်ဆိတ်မှုက အခန်းကို ပြန်လည်ကြီးစိုးသွားပြီးနောက် ထိုင်နေသည့်လူလည်း ပြန်လည်ငြိမ်သက်သွားသည်။ သို့သော် သေချာကြည့်မည်ဆိုလျှင် ပေါင်ပေါ်တင်ထားသည့် သူ့လက်တွေက ထိန်းမရစွာ တဆတ်ဆတ်တုန်ရီနေတာကို တွေ့ရပေမည်။

မတုန်ရီဘဲ မနေနိုင်ခဲ့ပေ။ လွန်ခဲ့သည့် ရက်က အမေ ရုတ်တရက်ကြီးဆုံးသည်။ လောလောလတ်လတ်မှ ဖုန်းပြောထားတာကို မနက်ရောက်တော့ ဆုံးပြီတဲ့။ အဲ့တာကလည်း သာမန် ဆုံးတာမျိုးမဟုတ်။ အသတ်ခံရခြင်းပင်။ ရက်ရက်စက်စက် ပက်ပက်စက်စက်ကို သေရခြင်းပင်။ ဆုဆို အမေ့အလောင်းကို ကြည့်ပြီး အန်ချလိုက်တာ တစ်ပတ်လောက် ဘာမှ မစားနိုင်။ သူလည်း တူတူပင်ဖြစ်သည်။

အမေ့မှာက ရန်သူ သိပ်မရှိခဲ့ပေ။ ပါးနပ်ပြီး ဟန်ဆောင်ကောင်းလှတာကြောင့်လည်း ပါမည်။ အမှန်တကယ်တော့ သူရပ်နေတဲ့ ဒီကုမ္ပဏီကအစ သူသုံးနေတာတွေအကုန်၊ ယုတ်စွအဆုံး သူ့ဇနီး ဆုတောင်မှ မင်းသခင်ရဲ့ ပိုင်ဆိုင်မှု ဖြစ်နေသည်။ သူကလား... သူကတော့ အစတည်းက ဘာမှမပိုင်ခဲ့ပေ။

ပွင့်ချပ်လေးရဲ့ ရာဇဝင် ℂ𝕆𝕄ℙ𝕃𝔼𝕋𝔼𝔻Where stories live. Discover now