(Zawgyi)
"သားလေးကို အိမ်ထောင်ချပေးမလို့"
"ဘာ!!!!"
"ဟာ...ဘာထဖြစ်တာတုန်း
Jungkookရာ ဒီမှာငါ့သမီးလေးလန့်သွားပြီ"
"Yoongi Hyungလဲ စဉ်းစားကြည့်လေဗျာ.....ကိုယ်မသိတဲ့လူတစ်ယောက်နဲ့ လက်ထပ်ရမှာကို....ပြီးတော့ကျနော့်မှာချစ်ရတဲ့သူရှိတယ်..."
"Jungkook မိဘတွေစကားကို ကလန်ကဆန်မလုပ်နဲ့စမ်း...
မင်းကိုအကြာကြီးလွှတ်ထားပေးပြီးပြီ...ဒါပေမယ့်မင်းသတင်းက ပိုပိုဆိုးလာတယ်...အဲ့ကြောင့် ငါတို့စိတ်မချတော့ဘူး...မင်းမကောင်းတဲ့ မိန်းကလေးတွေနဲ့ တွေ့သွားရင်ဘယ်လိုလုပ်မလဲ....မိဘတွေက မင်းကိုကောင်းစေချင်လို့စီစဉ်ပေးတာကို...မငြင်းနဲ့"
"ဟွန့်..."
Jungkookလဲ သူ့အဖေရဲ့ကြိမ်းမောင်းသံကြီးကြောင့် ဘာမှမပြောဘဲ ဒီအတိုင်းသာငြိမ်နေလိုက်သည်။
ဟင်း~~~အဲ့ဆိုသူချစ်တဲ့ထယ်နဲ့ဝေးရတော့မှာပေါ့...။ဗြဲ!!!
"ပြီးတော့သူကလိမ္မာရေးခြားရှိတယ် မိဘတွေအပေါ်ကိုလဲသိတတ်တယ် စာလဲတော်တယ် ချစ်ဖို့လဲကောင်းသလို ဖြူလဲဖြူစင်တယ်...သား သဘောကျမှာပါ"
ဟွန့်...ချစ်ဖို့ကောင်းတယ်ဆိုတောင် သူ့ထယ်လောက် ချစ်ဖို့မကောင်းလောက်ပါဘူး။
"အဲ့လူကဘယ်သူလဲ...ယောင်္ကျားလေးလား မိန်းကလေးလား"
သေချာမေးမှရမယ်လေ ဒီခေတ်ကမလွယ်ဘူး။မဟုတ်ရင် သူ့ကိုအသက်ကြီးကြီး ယောင်္ကျားကြီးတွေ မိန်းမကြီးတွေနဲ့ ပေးစားမှ သူ့ဘဝလေးပျက်နေဦးမယ်။
"သူကယောင်္ကျားလေး"
"ဗျာ...အမေတို့ကလဲ မိန်းကလေးဆိုတော်သေးတယ်"
"ဘာ မိန်းကလေးဆိုတော်သေးတယ်လဲ....
အခုခေတ်မိန်းကလေးတွေက အမေတို့ခေတ်ကလို ရိုးရိုးယဉ်ယဉ်တွေ မဟုတ်တော့ဘူး။ဖင်ပေါ်နို့ပြတွေကြီးဘဲ
သားကို အဲ့လိုမိန်းကလေးတွေနဲ့ တွေ့သွားမှာစိုးလို့ပါ"
"ဟုတ်ပါပြီ...သူကအသက်ဘယ်လောက်လဲ
နာမည်ဘယ်လိုခေါ်လဲ"
