(Zawgyi)
ကျနော်တို့ဘဝထဲကို ပဟေဠိများစွာနဲ့ ဝင်ရောက်လာခဲ့တဲ့ အရုပ်တစ်ရုပ်....
>>>>>>>>>>>>>>>>>
ဒီနေ့Taehyungမွေးနေ့မလို့ JungkookကTaehyungကို အပြင်ခေါ်သွားဖို့ စဉ်းစားထားလေသည်။အဲ့ဒါမှသူတို့ရဲ့Surpriseအစီအစဉ်က အောင်မြင်မှာလေ....
"Tae ဒီနေ့ကိုယ်တို့အပြင်မှာ Dateရအောင်လေ"
"ဟမ်..ထူးထူးဆန်းဆန်း ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး ကိုယ့်ချစ်သူနဲ့ မDateရတာကြာတော့ နှစ်ယောက်တည်း စကားတွေအေးဆေးပြောပြီး လိုက်လျှောက်လည်ကျရင် ကောင်းမလားလို့ စဉ်းစားမိလို့ပါ။ကိုယ်နဲ့Dateမယ်မလားဟင်"
"ဟမ်..အင်း Dateမယ်လေ..ခနစောင့်Taeအဝတ်သွားလဲလိုက်ဦးမယ်"
"အင်း..ကိုယ်ဒီမှာထိုင်စောင့်နေမယ်"
Taehyungနည်းနည်းတော့ ဝမ်းနည်းမိသည်။ခါတိုင်းသူ့မွေးနေ့ဆို သူအိပ်ယာကနိုးလာတာနဲ့ အပြိုင်အဆိုင်သူ့ကိုBirthday Wishပေးကြ လက်ဆောင်တွေပေးကြနဲ့ တစ်အိမ်လုံး ဆူညံနေလေသည်။ဒါပေမယ့်ဒီနေ့ကျတော့ တစ်အိမ်လုံးတိတ်နေသလို Jungkookကပါ သူ့ကိုDateဖို့ လာပြောရုံကအပြင် ဘာမှမပြောတာကြောင့် ကြည့်ရတာ အကုန်လုံးသူ့မွေးနေ့ကို မေ့နေပြီထင်တယ်။ဟင်း~~အခုတော့ Jungkookနဲ့Dateဖို့ သွားလိုက်ဦးမယ်။
"Tae ပြီးပြီလား..သွားကြရအောင်"
"ဟုတ်..ဘယ်သွားကြမို့လဲဟင်"
"အဲ့ဒါကတော့မပြောပြဘူး...ကိုယ့်နောက်ကိုသာအေးဆေးလိုက်ခဲ့..ရော့ ဦးထုပ်ဆိုင်ကယ်..ပြီးတော့ကိုယ့်ကိုဖက်ထား"
"ဟုတ်ကဲ့"
TaehyungလဲJungkookပေးတဲ့ ဆိုင်ကယ်ဦးထုပ်ကို ယူပြီး Jungkookရဲ့အမဲရောင်ခပ်မိုက်မိုက်ဆိုင်ကယ်ပေါ်ကိုတက်လိုက်တာနဲ့ Jungkookကဆိုင်ကယ်ကို ဝုန်းခနဲမောင်းထွက်သွားတယ်။သူလဲနောက်လန်ပြုတ်မကျအောင် Jungkookခါးကို အချိန်မှီလှမ်းဖက်လိုက်ရသည်။
သူလဲJungkookခေါ်ကာနောက်လိုက်ပါလာပြီး တစ်နေရာအရောက် Jungkookကဆိုင်ကယ်ကို ရပ်လိုက်တာကြောင့်