(Zawgyi)
'ငယ်~ကိုယ်သွားတော့မယ်နော်...ကိုယ်မရှိရင်လဲကောင်းကောင်းနေခဲ့နော်'
"ဟုတ် မောင်...မြန်မြန်ပြန်လာခဲ့နော်၊ငယ်စောင့်နေမယ် ဟင့်..ဟင့်"
'မငိုပါနဲ့ ငယ်ရယ်...ငယ်ငိုတာကိုမြင်ရင်ရင်ဘတ်ထဲကနာကျင်လွန်းလို့ပါ၊ကိုယ်အမြန်ဆုံးပြန်လာခဲ့မယ်နော် ချစ်တယ်ငယ်'
"ဟုတ် မောင်"
*ဖေဖေနဲ့ပါပါး!!!...မပြီးတော့ဘူးလား၊သားကျောင်းနောက်ကျတော့မယ်၊သားကိုကျောင်းသွားပို့မှာကိုမပို့ဘဲနဲ့ရုပ်ရှင်ရိုက်မနေနဲ့....အပြင်ကလူကြားရင်ဖေဖေတို့ကအကြာကြီးခွဲရမလိုလိုနဲ့*
အိမ်အပြင်ဘက်ကနေလှမ်းအော်တဲ့Jeon Jung Hyunလေးကြောင့်မရှိမဲ့ရှိမဲ့ညှစ်ထုတ်ထားတဲ့မျက်ရည်တွေကိုသုတ်လိုက်သည်။
'မင်းကလဲfeelနေတာတောင်ဘယ်ရောက်ကုန်လဲမသိဘူး၊လာ လာသွားမယ်၊ငယ် ကိုယ်သွားတော့မယ်နော်...မွမွ'
Taehyungရဲ့ပါးလေးကိုနမ်းရင်းပြောတော့TaehyungကလဲJungkookရဲ့ပါးလေးကိုပြန်နမ်းရင်းခေါင်းလေးငြိမ့်ပြသည်။ထို့နောက်သားလေးJung Hyunရဲ့ပါးလေးကိုပါနမ်းလိုက်သည်။
"သားလေး ကျောင်းမှာရန်မဖြစ်နဲ့နော်...လိမ်လိမ်မာမာနေ"
*ဟုတ် ပါပါး...သွားပြီနော်*
ကားမောင်းကာထွက်သွားပြီဖြစ်သောသားအဖနှစ်ယောက်ကိုကြည့်ပြီးအိမ်ထဲဝင်လာလိုက်သည်။
ကျနော့်နာမည်က ကင်မ်ထယ်ယောင်း...ဂျွန်ဂျောင်ကုဆိုတဲ့သူ့မောင်နဲ့လက်ထပ်ထားတာခြောက်နှစ်လောက်ရှိပြီပေါ့။အခုဆိုသားလေးဂျွန်ဂျောင်ယျောင်ဟ်တစ်ယောက်ပါရနေပြီ။သူနဲ့မောင်နဲ့ဘယ်လိုစတွေ့ခဲ့ကြပြီးညားသွားကြတာလဲဆိုတော့...
..........................................
FLASH BACK<<<<<<<
ထယ်ယောင်း-ဟူး~ဒီနေ့လဲထုံးစံအတိုင်းကျောင်းသွားရဦးမယ်၊ပျင်းစရာကောင်းတဲ့ဒီကျောင်းချိန်ကြီးကိုဘယ်တော့များမှအဆုံးသတ်နိုင်မှာလဲ...
ဂျီမင်-ထယ်ယောင်းရေ မင်းအကျီလဲနေတာအခုထိမပြီးသေးဘူးလားဟ..ငါအပြင်မှာထိုင်စောင့်နေရတာဖင်တောင်ညောင်းလာပြီ