ဖူးစာကြိုးနီ Part-1

212 24 0
                                    

(Zawgyi)

"ရား!!!ကင်မ်ထယ်ယောင်း"

"ဟာ...ဂျောင်ဂု

ငါတို့ကျောင်းကို ဘာလာလုပ်တာလဲ...ဘာလဲ မင်းတို့ကျောင်းဘက်မှာ မင်းတွဲဖို့ စော်တွေကုန်သွားလို့ ငါတို့ကျောင်းမှာ ဖွန်လာကြောင်တာလား"

"ဘယ်ကသာ...ငါ့အတန်းချိန်ကပြီးသွားလို့

မင်းကိုတွေ့ချင်လို့လာတာ"

"အော်...ငါကဖွန်လာကြောင်တယ်ထင်လို့"

"မင်းနော်...ငါကရည်းစားတွေ ထည်လည်တွဲတယ်ဆိုပေမယ့် ချစ်လို့တွဲတာမဟုတ်ဘူးနော်...ငါ့ရဲ့ချစ်ရသူက နှလုံးသားထဲမှာ သက်သက်ရှိပြီးသား"

"အောင်မာ...ကြီးကြီးကျယ်ကျယ်

အဲ့တစ်ယောက်က ဘယ်သူလဲပြောစမ်းပါဦး"

"မပြောပါဘူး"

"မင်းအကျင့်ယုတ်တယ်...ကိုယ့်သူငယ်ချင်းကိုတောင် မပြောပြဘူး...စိတ်ဓာတ်ဘဲ"

"သွားပါ...အတန်းတက်ရတော့မယ်မလား

ငါမင်းတို့ကျောင်းရှေ့က Cafeဆိုင်မှာ စောင့်နေမယ်"

"အင်း... Bye"

Taehyungလဲ Jungkookကိုနှုတ်ဆက်ပြီး သူ့ရဲ့နောက်ဆုံးကျန်တဲ့ အတန်းကိုတက်ဖို့ ထွက်လာလိုက်သည်။

ကျနော်နဲ့Jungkookက သူငယ်ချင်းတွေဆိုပေမဲ့ တက်တဲ့ကျောင်းတော့မတူ....။ကျ‌နော်အလယ်တန်းလောက်မှာ ကျနော်တို့အိမ်ဘေးကို Jungkookတို့မိသားစု ပြောင်းလာတာ ဖြစ်သည်။အဲ့တုန်းကJungkookဆို ကျနော်နဲ့ခန္ဓာကိုယ်က ဘာမှသိပ်မကွာလောက်ဘူး။ဒါပေမယ့်ကြီးလာတာနဲ့အမျှ Jungkookကခန္ဓာကိုယ်ကထွားလာပြီး
ယောင်္ကျားပီသလာကာ ကျနော်ကတော့ မိန်းကလေးတွေလို ကိုယ်လုံးပိန်ပိန်သေးသေး ဖြစ်သွားသည်။Jungkookက သူ့ကျောင်းမှာဆို Playboyဆိုတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသည်။အန်တီနဲ့အန်ကယ်တို့ကလဲပြောမနိုင်လို့ လွှတ်ထားကြသည်။သူကလဲ အန်တီနဲ့အန်ကယ်တို့ မပြောတိုင်း ထင်တိုင်းကြဲနေလေသည်။အခုလဲအတန်းပြီးသွားလို့ ကျနော့်ကိုတွေ့ချင်လို့လာတာတဲ့...ယုံဦးမယ်...ဖွန်လာကြောင်တာ သိသာကြီးကို....။

𝒯𝒶𝑒𝓀𝑜𝑜𝓀 {𝒪𝓃𝑒𝓈𝒽𝑜𝓇𝓉 𝒞𝑜𝓁𝓁𝑒𝒸𝓉𝒾𝑜𝓃}Donde viven las historias. Descúbrelo ahora