ငါ မင်းလင်လေးကို ဘာမှမလုပ်ဘူးကွ!

8K 596 73
                                    

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်ခါးကျေးရွာလေးတွင်မနက်ပိုင်း၈နာကျော်သည့်အထိမြူဆိုင်းလျက်ရှိနေ၍ နေရောင်မမြင်ရသေးပေ။ ဆောင်းဦးကာလတွေရောက်တိုင်းမြေမြန့်ဒေသထက်များစွာအအေးဓာတ်ပိုပြီး များစွာချမ်းအေးလှသည်။

" အင်း......"

စောင်တွေကိုသူ့ဘက်ဆွဲခြုံရုံတင်အားမရပုံပေါ် သည့်ကောင်လေးက ဘေးတစ်ဖက်ကလူရဲ့ရင်ခွင်ထဲသို့ပါအတင်းတိုးဝင်လျက်အနွေးဓာတ်ယူနေ၏။

" ကျစ် ရှုပ်ရှုပ်ရှပ်ရှပ်ကွာ..... "

အတင်းတိုးဝင်လာတဲ့ကောင်လေးကိုစိတ်ရှုပ်စွာမြည်တီးလိုက်၍ အလိုက်သင့်လေတိုးဖက်ပေးလိုက်သည်။ သူပြန်မဖြေမှာသိလျက်မေးခွန်းတစ်ချို့ကိုလည်းရူးကြောင်ကြောင်နိုင်စွာမေးလိုက်သေး၏။

" နွေးသွားပြီလား "

" အင်း "

မပီမပြင်လေးဖင့်နေသောအသံလေးဖြင့်ပြန်ပြော၍ တစ်ကိုယ်လုံးရင်ခွင်ထဲကိုတိုးဝင်ကာဆက်အိပ်နေပြန်သည်။

" တကယ်ကလေးပေါက်စကွာ "

အိပ်မောကျနေတဲ့အကောင်ပေါက်လေးရဲ့ခေါင်းလေးကိုဖွဖွလေးဆံပင်တွေကိုပွတ်ပေး၍ အအေးဓာတ်ကြောင့်နည်းနည်းနီနေတဲ့နှာခေါင်းလေးကိုပါညှစ်လိုက်သည်။ ပြီးတော့နာရီကိုတစ်ချက်ကြည့်၍ အကောင်ပေါက်လေးကိုစောင်တွေအထပ်ထပ်ပတ်ပေးထားပြီးတော့မှအောက်ထပ်ဆင်းပြီးအနက်စာပြင်ဖို့ဆင်းခဲ့တော့သည်။

အောက်ထပ်ရောက်တော့ပစ္စည်းတွေခြေရာလက်ရာပျက်နေတာမို့သတိကပ်လိုက်သည်။ ပြီးမှအရေးတကြီးတွေးမိတာရှိတာမို့အပြေးထပ်ကိုအမြန်တတ်လာခဲ့လိုက်သည်။ အခန်းတံခါးကိုအမြန်ဖွင့်၍ကြည့်တော့ ဟိုအကောင်ပေါက်လေးအစောကထားခဲ့သည့်အတိုင်းအိပ်မောကျလျက်ပင်။

" ဟူးး "
သက်ပြင်းချ၍အံဆွဲထဲမှာအမြဲထားတဲ့သေနတ်ကိုယူလိုက်သည်။

" အွင်း....."

ပြူတူတူကြောင်တောင်တောင်မုန်းစရာရုပ်လေးဖြင့်နိုးလာတော့သည်။ ပြီးတော့လက်ထဲကသေနတ်ကိုမြင်တော့ပို၍ပြူးလာတဲ့မျက်လုံးလေးတွေကပို၍မုန်းစရာလေးပင်

Mafia's boyWhere stories live. Discover now