မင်းကတုံးလို့လေ

7.2K 616 129
                                    

" စားလို့ကောင်းလား "

"........"

ထုံးစံအတိုင်းခေါင်းသာငြမ့်ပြသည်။ အစားစားတာလေးကလည်းဟမ်းစတားလေးတစ်ကောင်လို့ပါးစပ်ထဲအစာတွေအပြည့်ထည့်၍ တမြှုပ်မြှုပ်ဝါးနေတာကြောင့် ပါးလေးကစူလိုက်ဖောင်းလိုက်နဲ့ တစ်ချက်တစ်ချက်ဘာတွေသဘောကျနေမှန်းမသိစွာ ခပ်စစလေးပါပြုံးနေသေးသည်။

" ဒါနဲ့ ငါအိမ်မှာဘာချက်စရာမှမရှိဘူးလေ၊ ဒါတွေကမင်းဘယ်ကရတာလည်း "

"......."

စားလက်စပန်ကန်ကိုချက်ချင်းချ၍သူရေးဖို့စာအုပ်ရှာနေသည်။ အခန်းပတ်ဝန်းကျင်တစ်ခုလုံးမှာသူလိုချင်တာမရှိတော့ရုပ်လေးကချက်ချင်းမှင်စာလေးလို့အိုစာသွား၏။ ကိုယ်ကပဲချောင်းတစ်ချက်ဟမ့်၍

" အဟမ်း! စာရွက်မရှိဘူး "

" အာ!"

ဘာစာရွက်မှမရှိဘူးလည်းဆိုရောချက်ချင်းလက်ဟန်ခြေဟန်တွေနဲ့စကားပြောတော့၏။
အခုသူလုပ်နေတဲ့ပုံတွေကဂြိုလ်သားစကားတွေကိုလက်ဟန်နဲ့လုပ်ပြနေသလို့ပင်။ ဘာတစ်လုံးမှနားမလည်လာတာမို့ သူ့ကိုသာစိုက်ကြည့်နေလိုက်၏။ နာရီဝက်လောက်အထိသူကြိုးစားရှင်းပြနေပေမဲ့ တစ်လုံးမှနားမလည်တာတော့ကျုပ်ညံ့တာမဟုတ်ဘူး။ သူ့ကိုကဂြိုလ်သားစကားလုံးတွေကိုအမှုအရာလုပ်ပြနေတာနေမှာ
ဘယ်လုံးမှသည်းမခံနိုင်တော့တဲ့အဆုံး

" တော်! တော်လိုက်တော့။ ရော့ဒီပေါ်မှာမင်းရဲ့လက်ညှိုးနဲ့ရေးလိုက် "

ဝတ်ထားတဲ့အကျီကိုရင်ဘက်ပေါ်တဲ့အထိဆွဲလှန်လိုက်၍သူ့လက်လေးတွေကိုပါ ကြွက်သားအမြှောင်းမြှောင်းထနေတဲ့ဝမ်းဗိုက်ပေါ်တင်ပေးလိုက်သည်။ ပြူတူတူကြောင်တောင်တောင်မျက်လုံးတွေနဲ့ပြန်ကြည့်နေသေးတာကြောင့် လေသံပြင်းပြင်းဖြင့်အော်ငေါက်လိုက်သည်။

" ဘာလုပ်နေတာလဲ! ရေးလေ "

"......"

ခေါင်းလေးတစ်ချက်ငြိမ့်၍သူ့ရဲ့လက်ညှိုးသေးသေးလေးဖြင့်စတင်ပုံဖော်တော့၏။ ဝမ်းဗိုက်တစ်လျောက်ပြေးလွှားနေတဲ့သူ့လက်တွေကြောင့် စိတ်ထဲဘာကိုမှမတွေးနိုင်စွာပင်။ သူဘာတွေရေးနေမှန်းတောင်မသိစွာပေါ့။ ရေးနေရင်းရပ်သွားမို့

Mafia's boyWhere stories live. Discover now