Uincode
သေလောက်အောင်ကိုက်ခဲလာတဲ့ခေါင်းကြောင့် အမြဲသောက်နေကြဆေးပုလင်းကို ဘောင်းဘီအိတ်ထဲစမ်းလိုက်သည်။ သို့ပေမဲ့ ကံဆိုးတယ်ပဲပြောရမလား ဆေးကပါမလာခဲ့ပေ။
" ကျစ်! "
" ရော့.... သောက်လိုက် "
မျက်လုံးတွေပြာ၍သတိသိပ်မကပ်နိုင်တော့တဲ့အချိန်တွင် အရှေ့တည့်တည့်မှာခြေစုံရပ်၍ လူတစ်ယောက်ကဆေးပုလင်းကိုပေးလာသည်။ သူဟာဘယ်သူလည်းဂရုမစိုက်နိုင်တော့တာမို့ ဆေးကိုသာအမြန်ယူ၍ သောက်လိုက်သည်။
တစ်ဖြည်းဖြည်း ခေါင်းကိုက်တာပြေလျော့လာပေမဲ့ အရမ်းပင်ပန်းလွန်းနေတာမို့ မထိန်းနိုင်စွာလဲကျသွားမိတော့၏။" ဟာ! ပိုင်လေးသတိထားလေကွာ "
မြေပြင်ပေါ်လဲကျသွားတဲ့ ပိုင်လေးကိုပွေ့၍ စဝ်ခွန်းလုံ ကားပေါ်တင်ခေါ်ခဲ့လိုက်တော့သည်။
ဒီနေ့ပိုင်လေးကိုတွေ့ဖို့ နေရာစုံစမ်းပြီးလာခဲ့ပေမဲ့ သွားနေတဲ့လမ်းမှာကျုံ့ကျုံ့လေးထိုင်၍ တုန်ရီနေတဲ့သူ့ကိုတွေ့လိုက်ရတာမို့ သေချာအောင်ကားပေါ်ကသွားကြည့်လိုက်တော့ တကယ်မင်းမူပိုင်ဆိုတဲ့ပိုင်လေးဖြစ်နေသည်။ သူ့ရဲ့ လက္ခဏာတွေက ဟိုးအရင်ခေါင်းကိုက်တဲ့ပုံစံဖြစ်နေတာမို့ ကားထဲကဆေးဗူးယူပြီပေးလိုက်သည်။ သို့ပေမဲ့ ဆေးသောက်ပြီးတာနဲ့တစ်ခါထဲသတိလစ်သွားတာမို့ မတက်နိုင်စွာပွေ့၍ခေါ်လာခဲ့လိုက်တော့၏။
--------------------------
မျက်စီရှေ့မှာငိုယိုနေတဲ့ကလေးမလေး။ သူ့ရှေ့မှာဓားကိုင်၍ရပ်နေတဲ့ ၁၂ရွယ်ကောင်လေးကို မသတ်ဖို့အကြိမ်ကြိမ်တောင်းပန်နေသည်။ ရုရှားသူလေးတွေရဲ့ ပြာလဲ့လဲ့မျက်လုံးလေးတွေကမျက်ရည်ကြည်တွေပြည့်နေ၍ ပါးစပ်ကလည်းအကြိမ်ကြိမ်သူ့ကိုမသတ်ဖို့ပြောနေသည်။
" မင်းမလုပ်နိုင်ရင် မင်းသေရလိမ့်မယ်...... ဟားးးးဟားးး ဟားးးး "
အနောက်ကနေကျယ်လောင်စွာကြားလိုက်ရတဲ့အသံကခြိမ်းခြောက်မူတွေပြည့်နေ၍ ကြက်သီးထဖွယ်အတိပင်။ အဲ့ဒီလူကသေနတ်ကိုနောက်စေ့မှာတေ့ထား၍ ထပ်ပြီးစကားဆို၏။