မင်းကအလုပ်သမား!

8.8K 691 145
                                    

Uincode

" တကယ်စကားမပြောတတ်ဘူးပေါ့ "

သေချာအောင်ထပ်မေးတော့ စိတ်မရှည်တဲ့ပုံစံလေးဖြင့်ခေါင်းထပ်ညှိမ့်ပြ၏။

" ကျစ်!"

စုတ်သပ်၍စိတ်ရှုပ်စွာဆံပင်တွေကိုထိုးဖွလိုက်သည်။ ပြီးတော့မှမျက်စီရှေ့ကကောင်ငယ်လေးကိုကြည့်၍ဘာဆက်လုပ်ရမှန်းမသိတော့ပေ။

" အွန်း "

" ဘာလဲ!"

လက်မောင်းကိုလာကိုင်၍တစ်ခုခုကိုလုပ်ပြနေတဲ့အရှေ့ကကောင်ငယ်လေးကြောင့် စိတ်ရှုပ်စွာ အော်လိုက်တော့ ကိုယ်လေးတစ်ချက်တုန်သွား၍မျက်ရည်တွေထပ်ဝဲလာပြန်သည်။

" ဟေ့! ဟေ့ မင်းထပ်မငိုနဲ့နော်။ ဒီတစ်ခါငိုရင်လက်ထဲမှာကိုင်ထားတာတွေ့လား၊ တစ်ခါတည်းပစ်သတ်လိုက်မယ် "

" အဟင့်!"

" မဟင့်နဲ့ "

ငိုဖို့ဟန်ပြင်နေတဲ့မျက်စီရှေ့ကချာတိတ်ကိုလက်ထဲမှာကိုင်ထားတဲ့သေနတ်ထောင်ပြ၍အော်လိုက်သည်။ ဒါတောင်ပါးလေးတွေကငါးပူတင်းလို့ဖောင်း၍ ခရမ်းရောင်မျက်လုံးတွေကမျက်ရည်တွေကြောင့်လဲ့နေ၏။

" အွန်း.... "

လက်မောင်းကိုမရဲတရဲလေးထပ်ကိုင်၍သူဘေးအိပ်ကိုလက်ညိုးထိုးပြနေသည်။

" ဒီထဲမှာတစ်ခုခုရှိနေတာလား "

" အင်းး အင်းး "

အသည်းအသန်ခေါင်းငြိမ့်ပြနေ၏။ သူလေးပြတဲ့အိပ်ထဲလက်နိုက်ကြည့်တော့ စာတစ်ဆောင်ရှိနေသည်။ ဒါဆိုဒီကောင်လေးကစာကိုယူဖို့ပြောနေခဲ့တာပေါ့။

စာကိုယူလိုက်၍ထုတ်ဖတ်လိုက်တော့စာထဲပါအကြောင်းတွေကြောင့် အကျယ်ကြီးတောက်ခေါက်မိတော့၏။

" တောက်! Fuck မင်းမေ***မှပဲကွာ"

ဒီစာထဲမှာရေးထားတာက မျက်စီရှေ့ကအကောင်သေးလေးက ဒီအိမ်ရဲ့အလုပ်သမားအသစ်တဲ့၊ ဘာရည်ရွယ်ချက်နဲ့ဒီကိုပို့လိုက်ပြန်ရတာတုန်း။ မွေးစားအဖေကိုယ်တိုင်ပို့လိုက်တာမို့ပြန်ပို့လို့လည်းမဖြစ်ပြန်ပေ။ ဒီထက်ဆိုတာကနောက်ထပ် သူ့ရဲ့သားတစ်ယောက်ပါလာနေအုံးမှာတဲ့လား ဒီစောက်အဘိုးကြီးကတော့ကွာ

Mafia's boyWhere stories live. Discover now