part 14

3.5K 266 11
                                    

ညအလင်းရောင်မပြယ်သေးတဲ့ ဝေလီဝေလင်းအချိန်အခါတွင် ရင်ခွင်ထဲကွေးကွေးလေးအိပ်နေတဲ့ကောင်လေးရဲ့နဖူးကိုမြတ်နိုးစွာနမ်း၍ အိပ်ယာထလိုက်သည်။ ဟိုးအရင်ထဲကအမြဲအသင့်ပြင်ထားတဲ့ ဗီဒိုထဲကအဝတ်အစားနဲ့ ပစ္စတိုတစ်လက် အသွား၆လက်မကျော်ဓားမြှောင်နှစ်ချောင်းကို ကိုယ်မှာတပ်ဆင်၍ အောက်ထပ်ဆင်းခဲ့လိုက်သည်။

အောက်ထပ်ရောက်တော့Aကအရင်ဆုံးရောက်ရှိ၍ ထိုင်ကာကော်ဖီသောက်နေသည်။ မှင်သေသေတစ်ချက်ကြည့်လိုက်၍ ပြောလိုက်သည်။

" A မင်းမလိုက်နဲ့တော့ "

Jရဲ့စကားကြောင့်မျက်ခုံးတစ်ဖက်ပင့်၍ပြန်ကြည့်မိသည်။

" ဘာကြောင့်ငါကမလိုက်ရမှာလဲ "

" ငါကမလိုက်စေချင်လို့ ရှင်းပြီလား "

ခက်ပြက်ပြက်ပြောလိုက်၍Aဆီကစကားပြန်စောင့်မနေတော့ပဲ ထွက်လာခဲ့တော့သည်။ အိပ်အပြင်ရောက်တော့မှအသင့်ဖြစ်နေတဲ့ ၁၅ယောက်စုထားတဲ့ လူတွေကိုကြည့်၍ စတင်ထွက်ခွာဖို့အမိန့်ပေးလိုက်သည်။

တစ်ရွေ့ရွေ့နဲ့ထွက်ခွာလာတဲ့ကားငါးစီးဟာ မြို့ရဲ့အပြင်ဘက်ကိုရောက်တော့ သစ်ပင်များဖြင့်ကာရံထားသော သစ်ဝန်းထဲကိုဝင်လာခဲ့ကြသည်။

" ကြိုဆိုပါတယ် Mr.J "

" ပစ္စည်းတွေမလဲခင် ငွေအရင်ပြ "

အလာပသလာပစကားတွေပြောနေစရာမလိုတာမို့ လိုရင်းကိုသာရောက်အောင်ဒဲ့ပြောလိုက်သည်။

" ဟုတ်ပြီဗျာ........ ဟိတ်ကောင်တွေအိပ်တွေဖွင့်ပြလိုက် "

ကားပေါ်ကဆင်းလာထဲက ခက်ထန်နေတဲ့မျက်နှာရယ် နိုင်ငံခြားသားအရပ်မှီ ကိုယ်လုံးကိုယ်ပေါက်တောင့်တင်း၍ မှေးကျဥ်းသောမျက်လုံးများက ရက်စက်မှုအသွင်ဆောင်နေသည်။ ယောကျာ်းပီသတဲ့ခပ်သြရှရှအသံက စကားလုံးတိုင်းကိုပြက်သားစွာပြောတက်ပုံပေါ်၏။ စေ့စပ်သေချာတဲ့အပြုအမှုရှိပေမဲ့ စိတ်ရှည်မူကတော့အတိုင်းအတာရှိပေါ်ပုံသည်။ ဒုစရိုက်လောကရဲ့ခေါင်းဆောင်ငယ်လို့ပြောလို့ရတဲ့ Mr. Jဟာ ကြားထားသမျှသတင်းတွေနဲ့ထပ်တူကျသည်။ ဦးဆုံးကိုယ်ဘက်ကစ၍စကားစတင်ရပြန်၏။

Mafia's boyWhere stories live. Discover now