Uincode
" ခင်ဗျားအခုကျုပ်လက်ကိုလွှတ်လိုက်စမ်း "
သခင်ရဲ့အေးစက်မာကျောတဲ့အသံကြောင့်ကြက်သီးတွေထလာသည်။ ပြီးတော့ပို၍တင်းကြပ်စွာဆုပ်ကိုင်ထားတဲ့သခင်ကြောင့်လက်ကအရာထင်တဲ့အထိဖြစ်၍နာကျင်လာ၏။ သခင်လက်ထဲကနေလက်ကိုရုန်း၍ဖြုတ်ဖို့ကြိုးစားလိုက်သည်။
" အင်......."
ခွေးပေါက်လေးလို့အီ၍အတင်းသူ့လက်ကိုရုန်းနေတဲ့အကောင်ပေါက်ကိုကြည့်၍ ခနနေမှသဘောပေါက်ကာ အတင်းဆုပ်ကိုင်ထားမိတဲ့ကောင်လေးရဲ့လက်ကိုလွှတ်လိုက်၏။ ဖွဖွလေးပြန်ကိုင်၍ ညင်သာစွာမေးလိုက်သည်။
" အရမ်းနာသွားလား။ ကိုယ်မှားတာပါ "
" ပိုင်လေး သူကဘယ်သူလည်း "
မျက်နှာသေနဲ့အေးစက်စွာအမြဲရှိနေတက်တဲ့ပိုင်လေးက သူ့မျက်စိရှေ့ကကောင်လေးကိုတော့အတော်ဂရုစိုက်တဲ့ပုံရှိနေတာမို့မေးလိုက်သည်။ အမြဲတမ်းသဘောကျခဲ့တဲ့ခပ်မိုက်မိုက်အကြည့်လေးတွေကချက်ချင်းတစ်ကိုယ်လုံးထိုးဖောက်တော့မတက်ကျရောက်လာပြီ ရိုင်းစိုင်းစွာပြူမူ၍လှည့်ထွက်ဖို့ပြင်နေသည်။ ချက်ချင်းလက်ကိုလှမ်းဆွဲ၍ ဖက်ထားလိုက်သည်။
" ကျစ်! စောက်အဖိုးကြီးကတော့။ လွှတ်စမ်းကျုပ်ကို "
ရုတ်တရက်ဆွဲဖက်လိုက်တာမို့ခနတော့ကြောင်အသွားပေမဲ့ချက်ချင်းရုန်းထွက်၍ဆဲလိုက်သည်။ တစ်ဆက်တည်းမှာပဲချက်ချင်းမိုးသောက်ကိုလှည့်ကြည့်မိ၏။ သူကတော့ထုံးစံအတိုင်းဘာမှမသိဘူးဆိုတဲ့အကြည့်ဖြင့်သာကြည့်နေသည်။ ထိုအကြည့်တွေကြောင့်ပဲဒေါသထွက်လာ၍ ပို၍ရုပ်ပျက်လာရ၏။
သူကဘာလို့အေးဆေးနိုင်ရတာလည်း၊ တကယ်ဆိုဒီသေခါနီးအဖိုးကြီးဖက်လိုက်တာကိုလေ။
နည်းနည်းလေးတော့ဒေါသထွက်ရမှာပေါ့" မိုးသောက်ကြယ်! "
"........"
ကြောင်အစွာပြန်ကြည့်နေတာကြောင့်ပို၍ဒေါသထွက်လာသည်။ တကယ်ဆိုဒေါသထွက်ပြီးဒီစောက်အဖိုးကြီးကိုသူ့ထိုးလိုက်ရမှာလေ။ အံကိုကြိတ်၍ထပ်ပြောလိုက်သည်။