တစ်နေ့လုံးအလုပ်များနေတာမို့ပင်ပန်းလွန်စွာမလှုပ်နိုင်တော့တဲ့ကိုယ်ခန္ဓာကြီးကို တရွတ်တိုက်ဆွဲ၍အိမ်ကိုပြန်လာခဲ့သည်။ ဧကပေါင်း၅၀၀ ကျော်လောက်ရှိတဲ့ခြံကြီးထဲကရဲတိုက်ကြီးပမာဆောက်ထားတယ်အိမ်ကြီးမှာတော့သူတစ်ယောက်ထဲနေတာမို့အရာအားလုံးကအဖော်မဲ့စွာပင်။ တိတ်ဆိတ်လျက်ရှိ၏။
ဒါပေမဲ့အထီးကျန်လားလို့မေးလာခဲ့ရင်တော့'ဟင်အင်း' လို့ပဲပြန်ဖြေမိမယ်ထင်ပါရဲ့ နှောင်တွယ်မူတွေကသူ့ဘဝအတွက်မလိုအပ်ပေ။ ရှိလည်းရှိမနေခဲ့တာသူလူမှန်းသိတက်စအရွယ်ထဲကဖြစ်၏။ မိဘမဲ့ဂေဟာမှာအသက်၁၀နှစ်လောက်ထိနေခဲ့ရပြီး နိုင်ငံခြားသားတစ်ယောက်ရဲ့မွေးစားခြင်းကိုခံခဲ့ရသည်။ ထိုမွေးစားအဖေကြောင့်ပဲ သူ့မှာအခြားရွှေးစရာမရှိ Mafia ဆိုတဲ့ဘဝလမ်းကြောင်းပေါ်ရောက်ရှိခဲ့ပြန်သည်။
အသက်၁၅နှစ်မှာရုရှားကိုအပို့ခံခဲ့ရပြီး လူမသိသူမသိကျွန်းပေါ်မှာအရွယ်တူကောင်လေးအယောက်၃၀လောက်နဲ့ Mafiaတစ်ယောက်ဖြစ်ဖို့အတွက်သင်သင့်တာအတတ်ပညာတွေအားလုံးသင်ခဲ့ရသည်။ အသက်၁၇နှစ်မှာကျုပ်ကသေနတ်ကိုင်ပြီဂိုဏ်းပေါင်းများစွာလူတွေကိုစတင်သတ်ဖြတ်ခဲ့သည်။ ကျုပ်အသက်၂၀မှာတော့မွေးရပ်မြေကိုပြန်ရောက်ခဲ့၏။ အခုဆိုရင်တော့ကျုပ်ပြန်ရောက်ခဲ့တာ ၉နှစ်ပင်ရှိခဲ့ပြီ
" ဟူးးး "
ဧည့်ခန်းထဲကိုမီးဖွင့်မနေတော့ပဲဝင်ထိုင်၍အပေါ်ဝတ်ကုတ်နဲ့အခြားဟာတွေကိုပါချွတ်၍ဝေးရာနေရာကိုပစ်ထုတ်လိုက်၏။ ပြီးတော့မှသက်သောင့်သက်သာလှဲရင်း အနားယူနေလိုက်သည်။
ခွမ်း!
ရုတ်တရပ်အပေါ်ထပ်ကနေတစ်ခုခုကျကွဲသံကြားလိုက်ရတာမို့ ကျင့်သားရနေတဲ့လက်တွေကခါးမှာထိုးထားတဲ့သေနတ်ကိုလှမ်းထုတ်လိုက်၍အသင့်အနေထားပြင်လိုက်သည်။ ပြီးတော့ဖြေးဖြေးချင်းလှေးကားကနေတစ်ထစ်ချင်းတတ်၍ အပေါ်ထပ်ကိုတတ်ခဲ့သည်။
တရှပ်ရှပ်နဲ့လမ်းလျောက်သံတွေကြားရသည်။ ပြီးတော့အဲဒီအသံတွေကအိပ်ခန်းဆီကနေကြားနေရတာ ' ဘယ်ကောင်ကသေမှာမကြောက်ပဲငါအိမ်ထဲခိုးဝင်နေရတာလဲ' ခပ်ဖြေးဖြေးလေးပဲအိပ်ခန်းဆီကိုလျောက်လာခဲ့သည်။ သေနတ်ကိုလည်းမောင်းပါချိန်ထားလိုက်၏။ အိပ်ခန်းတံခါးဆီရောက်တော့အားနဲ့ကန်ဖွင့်လိုက်၍ ဝင်လိုက်တော့ ကျောပေးထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရ၏။ အသံကြောင့်သူဒီဘက်ကိုလှည့်လာသည်။ လက်ဦးမှုရယူတဲ့အနေဖြင့် သေနတ်ကိုသူနောက်စေ့မှာတေ့ထား၍ မေးလိုက်သည်။