part 17

4K 355 39
                                    

uincode

ထိုင်း မြန်မာလက်နက်မှောင်ခိုစျေးကွတ်တွင် ဒုစရိုက်သမားများသာမက အကောင်ကြီးကြီးတွေလည်းပါဝင်ကြသည်။ သို့ပေမဲ့အရှေ့လူလုံးထွက်ပြရတာကတော့ လူဆိုးလူမိုက်ဒုစရိုက်သမားသာဖြစ်၏။ ရရှိလာတဲ့အမြက်ရာခိုင်နှုန်းကတော့ သူတို့ပဲအကုန်ရတာမဟုတ်ပဲ နောက်တန်းကအကောင်ကြီးတွေကိုပြန်၍ခွဲဝေရသည်။

နယ်စပ်ကနေတင်းသွင်းမယ်တရားမဝင်ပစ္စည်းမှန်သမျှရဲ့နောက်ကွယ်တွင် ထိုမျက်နှာဖုံးစွပ်နဲ့လူတွေရဲ့အကူညီကိုယူ၍ နိုင်ငံအတွင်းက အဖိုးတန်ပစ္စည်းများ ခိုးထုတ်ဖို့အတွက်လည်း ထိုလူတွေအကူညီကများစွာလို၏။ ရရှိလာတဲ့အကျိုးခံစားခွင့်တွေက မက်မောလောက်စရာမို့ သူ့တို့ရဲ့လက်မှတ်တစ်ချက်ကို တရားမဝင်စာရွက်တိုင်းမှာလက်မှတ်ထိုးပေးနိုင်သည့်အထိပင်

အခုလည်းမြဝတီ- မဲဆောက် ကနေ လက်နက်များပစ္စည်းများနဲ့ ကျွန်းတစ်ချို့ခိုးထုတ်၍ ပြည်တွင်းဖြန့်တဲ့ ဘိန်းရယ် ပြည်ပကရရှိတဲ့ပစ္စည်းတစ်ချို့ကိုလည်းဖလှယ်ရင်း အလုပ်ပြီးတာနဲ့ မြို့ပြင်မှာဆောက်ထုတ်ထားတဲ့ စံအိမ်ကိုအမြန်ပြန်လာခဲ့သည်။ ထိုပစ္စည်းတွေထဲမှာမှ အသေးစား သေနတ်တစ်လက်ကို ဟိုအကောင်ပေါက်လေးအတွက်ဝယ်လာခဲ့မိသည်။ အဲ့ဒီအူတူတူကြောင်ကြောင်လေးက သေနတ်မပြစ်တက်တာကိုသိတာတောင်မှပေါ့။

ခြံရှေ့ကိုကားရပ်၍ တံခါးဖွင့်တာကိုစောင့်ရင်းဖြည်းဖြည်းချင်းမောင်းဝင်လာခဲ့၏။ စံအိမ်ရဲ့ကားအဝင်းထိတ်တွင်အမြဲစောင့်မျှော်နေကျရှိတဲ့ အကောင်ပေါက်လေးကိုမတွေ့ရတာမို့ ရင်ထဲတော့ဟာတာတာကြီးခံစားမိသည်။ ကားကိုရပ်၍အိမ်ထဲဝင်ခဲ့တော့ အကောင်ပေါက်လေးရှိစဥ်ကလို့နွေးထွေးမနေပဲ ရေခဲနန်းဆောင်အလားအေးစက်၍ ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်နေလေသည်။

" ဟူးးးးး "

သက်ပြင်းအကြိမ်ကြိမ်ချ၍ အမြဲပြေးကြိုတက်တဲ့အကောင်ပေါက်ကို ပြောမပြတက်အောင်သတိရနေတာကိုတော့ ဝန်မခံလို့မရတော့ပေ။

" မင်းတကယ်ပြုစားတက်တာပဲ ကောင်လေးရာ...... "

ဆွေးမြေ့နေတဲ့အလွမ်းသမားလေသံဖြင့်စကားပြောနေတဲ့ Jကိုကြည့်၍ ခေါင်းခါမိသည်။ သူဝင်လာထဲကဧည့်ခန်းထဲမှာ စာဖက်နေတဲ့ကိုယ်ကိုမတွေ့ပဲ သူ့နေတဲ့အိမ်ကိုအခုမှမြင်ဖူးတဲ့လူလို့လိုက်ကြည့်နေသည်။

Mafia's boyWhere stories live. Discover now