0️⃣5️⃣

194 22 4
                                    

#UNICODE

"Brother..... !"

ကျောင်းမှပြန်လာသည့်လမ်းတစ်လျှောက်လုံး တစ်စုံတစ်ခုကိုအသည်းအသန်စဥ်းစားနေပုံရသည့် Rack ခေါ်သံကြောင့် Joyal
ခေါင်းဆက်ပြလိုက်သည်။ သဘောက 'ဘာပြောမလို့လဲ ပြောချင်တာသာပြော' ဆိုတဲ့ပုံစံမျိုးပင်။

"ငါဒီနေ့ ကျောင်းမှာတွေ့ခဲ့တယ်..."

အစမရှိအဆုံးမရှိသောစကားကြောင့် Joyal ကားမောင်းနေရာမှ မျက်မှောင်ကြုံပြီး ဘေးမှ ညီအကောင်းစား(ရွှဲ့ပြောခြင်း)လေးအား
တစ်ချက်ကြည့်လိုက်သည်။

"စကားကိုလူလိုပြော...Rack!"

ပုံမှန်ဆို ထိုစကားကြောင့်ရန်ရှာလာမည်ဖြစ်ပေမဲ့ ထူးထူးဆန်းဆန်း ငြိမ်နေသော Rack
ကြောင့် မျက်ခုံးပင့်လိုက်ကာ ပြောလာမည့်
စကားကိုသာ နားထောင်ရန်ဆုံးဖြတ်လိုက်သည်။

"မိန်းကလေးတစ်ယောက်ကို....ငါတွေ့ခဲ့တယ်......အင်ဂျင်နီယာမေဂျာက...."

"အင်း...."

ရှေ့မှလမ်းကိုဂရုတစိုက်ကြည့်ကာ ဘေးမှတစ်ယောက်ပြောနေသည်ကိုစကားလှမ်းထောက်ပေးလိုက်သည်။

"ငါ......သူမကိုကြိုက်နေပြီထင်တယ်....
Brother.... !"

ထိုစကားအဆုံး ရုတ်တရက်ကြီးရပ်လိုက်သောကားကြောင့် ဆောင့်မိသွားသောနဖူးအားပွတ်ရင်း brother အားကြည့်မိတော့
သစ္စေသရဲတွေ့သလိုမျိုး ကြည့်နေလေသည်။

"Brother... !ရပ်မယ်ဆိုလည်းကြိုပြောလေ....ဘာလို့ဒီလိုလုပ်ရတာလဲ...နာသွားပြီ....!"

"ခုနကမင်းပြောတာ......မင်းကြိုက်မဲ့သူတွေ့နေပြီ....ဟုတ်လား...???"

Joyal စကားကြောင့် Rack အူကြောင်ကြောင်ဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

"ငါ သူမကိုတွေ့ရင် ပျော်တယ်....ပြီးတော့
ရင်ထဲဘယ်လိုကြီးမှန်းမသိဘူး...မာမီပြောသလိုမျိုး ရင်ခုန်လာတာထင်တယ်..."

"မင်း ဒီကိုရောက်တာမှ တစ်လတောင်မပြည့်သေးဘူးလေကွာ....ခု သဘောကျရမဲ့သူတောင်တွေ့သွားပြီလား...."

Joyal သူ့ညီအားတကယ်လက်လန်နေပြီဖြစ်သည်။ ဒီကောင်လေးက တကယ်ကိုမလွယ်ဘူးဘဲ...။

Hello! My Suger Brother Where stories live. Discover now