1️⃣3️⃣

279 11 2
                                    


#UNICODE

အလုပ်ထုတ်ခံရသည့်အတွက် ဒယ်ဒီဆီတွင်
အပြောအဆိုခံပြီးနောက်တစ်ပတ်အကြာတွင်
Company နောက်တစ်ခုတွင်အလုပ်သင်ဝင်ခဲ့ရသည့်အတွက် Joyal မှာ ကြားရက်တွင်အပြည့်အဝမပျော်လိုက်ရပေ။

သို့ပေမဲ့ အထက်လူကြီးကအရင် Company လောက်မဆိုးဟုထင်မိသည်။ အနည်းဆုံးတော့ အရေးမပါတဲ့စာတွေညဘက်ပို့ပီး
မနှောက်ယှက်ဘူးပေါ့..။

ဒယ်ဒီနဲ့သူ့မဒီရဲ့ လက်ထပ်ပွဲတစ်လပြည့်တဲ့အတွက် ထိုင်းကိုဟန်နီမွန်းသဘောမျိုးဖြင့်အလည်အပတ်သွားကြလေသည်။ ကလေးကုလားလုပ်နေကြတယ်လို့ပြောချင်မိပေမဲ့
ချစ်စခင်စကြင်နာစ ကိုးဟုပြောလာသည့်
ညီတော်ကြောင့် Joyal ပါးစပ်ပိတ်နေလိုက်သည်။

ဘောင်းဘီအိတ်ထဲမှ ဖုန်းသံကြောင့် screen အားကြည့်မိတော့ နှစ်ယောက်မရှိတဲ့ Rack..။

"ဟယ်.."

"ဘရားသား...!!"

မိမိ၏နုတ်ဆက်စကားတောင်မဆုံးသေး တစ်ဖက်မှထွက်လာသည့်ကျယ်လောင်လှသောအသံစူးစူးကြောင့် အလျင်အမြန်ပင်
ဖုန်းကိုနား,နားမှခွာလိုက်ပြီး အူသွားသည့်နားကိုပွတ်လိုက်မိသည်..။

ဒီကောင်ဘာဖြစ်ပြန်ပြီလဲ..တစ်နေ့တစ်နေ့
သူ့အကြောင်းချည်းဘဲ..။

"ဘရားသား...ငါခုဘယ်မှာလဲ မှန်းကြည့်..!"

ခပ်စူးစူးအသံကြောင့် တစ်ဘက်တွင်တက်ကြွနေမည့် ပုံစံကိုတွေးမိကာ ပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်မိသည်။

"ဘယ်မှာမို့လို့လဲကွာ...ဖြေးဖြေးပြောပါ..
အသံကိုလျော့"

"ငါခု Brother တို့ company အောက်မှာ..
Bubble Teaလည်းဝယ်လာတယ်..အများကြီးဘဲ..အဲတာလာကူသယ်ပေးအုံး.."

စကားအဆုံးတိကနဲ့ကျသွားသည့် ဖုန်းကို
ဘောင်းဘီအိတ်ထဲထည့်လိုက်ပြီး အောက်ထပ်သို့်သာ အမြန်ဆင်းလာမိသည်။ ဒီနေ့က
Sunday မို့ မနက်ကတည်းက ရှိုးစမိုးထုတ်ကာအပြင်ထွက်သွားသည့် Rackအား လည်ပတ်နေမည်ဟုထင်ထားတာ..။ မိမိတို့
Company ကိုခုလိုမျိုးလာမယ်လို့တော့မထင်ထားမိ..။

အောက်ထပ်သို့ရောက်တော့ Bubble Tea
တွေထည့်ထားသည့်အိတ်များစွာဖြင့် အဝင်ဝတွင်ရပ်နေသော Rack က Joyal ကိုမြင်သည့်နှင့် သွားဖြူဖြူလေးတွေပေါ်သည်အထိပြုံးပြလေသည်။

You've reached the end of published parts.

⏰ Last updated: May 02, 2022 ⏰

Add this story to your Library to get notified about new parts!

Hello! My Suger Brother Where stories live. Discover now