1️⃣1️⃣

194 15 46
                                    

#UNICODE

"အား...!!!"

ရေသောက်ရန်ထွက်အလာ မီးဖိုချောင်မှမီးဖွင့်လိုက်ချိန် မနီးမဝေး Sofa ပေါ်တွင်ထိုင်နေသော သွေးမတော်သားမစပ်ညီအားတွေ့လိုက်ရသောကြောင့်  Joyal တစ်ယောက်ယခုလို့မျိုး ကြောက်လန့်တကြားရင်ဘက်ကိုဖိကာ အော်လိုက်မိသည်။

Joyal အော်သံကြောင့် ဆံပင်ရှုပ်ပွပွတို့ဖြင့်
ပိုကီမွန်အရုပ်အားဖက်ကာ ငူငူငိုင်ငိုင်ကြီးထိုင်နေသော Rack က မျက်နှာသေဖြင့် ကြည့်လာလေသည်။

"မင်း....ဘာဖြစ်နေတာလဲ..."

Joyal ဟန်ကိုယ်ဖို့ကာ လှမ်းမေးလိုက်တော့
Rack က ငိုတော့မလိုမျက်နှာထားဖြင့်ကြည့်လာသောကြောင့် Joyal မှာ စိတ်ပူပန်ကာ အနားသို့တိုးကပ်ကာဘေးတွင်ဝင်ထိုင်လိုက်လေပြီး ညီဖြစ်သူမျက်နှာအရိပ်အခြေအားစူးစမ်းလိုက်သည်။

"ဘာဖြစ်လို့လဲ..... မုန့်ဖိုးမရှိတော့လို့လား...?"

ထိုအမေးအားခါင်းခါယမ်းပြသောကြောင့်
Joyal မှာ စဥ်းစဥ်းစားစားဖြင့် Rack အားကြည့်လိုက်ပြီး....။

"မင်း crush နဲ့အဆင်မပြေလို့လား..?."

"Brother.... !!"

ရင်ခွင်ထဲမှ ပိုကီမွန်အရုပ်အား ဘေးသို့ပစ်ချလိုက်ကာ လည်ပင်းအားသိုင်းဖက်လာသော
ဂျပုကြောင့် Joyal မှာ အူကြောင်ကြောင်ဖြင့်
သူ့လက်နှစ်ဖက်အားဘယ်မှာထားရမှန်းမသိဖြစ်ကာ အတန်ကြာမှ ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးလေသည်။

"What's happened? Rack..."

"You have changed now ...
Do you no longer want to be my brother?"

Rack ရဲ့ငိုမဲ့မဲ့အမေးစကားကြောင့် Joyal
ခုတလော Rack ကိုရှောင်နေမိမှန်းသတိထားမိတော့သည်။ တကယ်က Joyal သူ့ညီလေးအား မိန်းကလေးနှင့်အမှတ်မှားပြီး သဘောကျမိသလိုဖြစ်သွားသောကြောင့်
မသိစိတ်ကနေအလိုလိုရှောင်နေမိတာဖြစ်ပေမဲ့ Rack စိတ်ထဲမှာ Joyal က Rack ကိုညီအဖြစ်မသတ်မှတ်တော့ဘူးလို့ ထင်မှတ်နေမှန်း Joyal မရိပ်မိခဲ့ချေ။

တကယ်တော့ Rack က ကလေးစိတ်မပျောက်သေးတဲ့ ကောင်ငယ်လေးပင်။ သွေးမတော်သားမစပ်ပေမဲ့ အစ်ကိုတစ်ယောက်ရခဲ့တော့
အားကိုးရာတစ်ခုလိုမျိုး သူ့စိတ်ထဲရှိနေခဲ့တာ...။ အချစ်ခံချင်တယ်...သူ့ကိုစွန့်ပစ်သွားမှာ ကြောက်တယ်...။

Hello! My Suger Brother Where stories live. Discover now