0️⃣8️⃣

180 17 33
                                    

Unicode

မနက်က မြိန်ရေယှက်ရေ စားလာသည့်
မုန့်ဟင်းခါးကို အခုတော့ အတော်မုန်းချင်နေပေ
ပြီ...။

အလုပ်စဝင်တဲ့နေ့မှာ မုန့်ဟင်းခါး မစားရဘူးလို့
ကြားဖူးထားပေမယ့် တစ်ကယ်ကြီး ဒီလိုဖြစ်လာ
လိမ့်မည်ဟု Jo မထင်ထား....။

ဒယ်ဒီရဲ့ ကုမ္ပဏီကို ရောက်သည်နှင့် ဒယ်ဒီရဲ့
လုပ်ဖော်ကိုင်ဖက်တစ်ယောက်က Jo ကို အားလုံးနှင့် မိတ်ဆက်ပေးသည်။ အလုပ်သင်
တစ်ယောက်ဖြစ်၍ အားလုံးမှ ဝိုင်းဝန်းကူညီကြ
ပါဦးလို့ Jo ကိုယ်တိုင်ကလည်း စကားကြောရှည်မိလေသည်...။

အခုတော့ မုန့်ဟင်းခါးပွဲတွေ ဆက်နေလေပြီ။
ပစ္စည်းသယ်၊ ကော်ဖီဝယ်၊ အမှိုက်ပစ်၊ တောက်တိုမယ်ရ ဆိုသည့် ဘွဲ့ကို Jo တစ်ရက်
တည်းနဲ့ ပိုင်ဆိုင်သွားသည်။

နေ့လည်စာတောင် ဘာစားမိလိုက်မှန်း သူမသိ
လိုက်...။ အလုပ်ဝင်ကာစဖြစ်၍ လုပ်သမျှ
အားလုံးသည် အစိမ်းသက်သက်ဖြစ်ကာ
စိတ်လှုပ်ရှားမှုနှင့် အမှားပေါင်းကလည်း သောင်းခြောက်ထောင်တစ်ရာ့ကိုးဆယ့်ရှစ်ခု...။

အလုပ်သင်ဘဝ၏ ပထမဦးဆုံးနေ့တွင် အလုပ်သင်ရသည်ထက် အထုတ်သယ်ရသည်က
ပိုများလေသည်...။

ဝတ်ထားသည်​့ စပို့ရှပ်အဖြူကလည်း အခုတော့
စတိုင်မကျနိုင်တော့ဘဲ အနည်းငယ် တွန့်ကျေ
လျက်ရှိသည်။ စေးကပ်နေသည့် ချွေးများ
ကြောင့် ခေါက်၍ ပင့်တင်ထားသည့် အင်္ကျီလက်
အနားများကလည်း ပေတူးလျက်ရှိသည်။

နက်ကတိုင်ဆိုတာ လည်ပင်းမှာ စည်းထားသေး
သလားတောင် မသိရအောင် လျော့တိလျော့ရဲ..။

အမြဲဆီလိမ်း၍ ဖီးသင်ထားသည့် ကေအလန်း
လေးက ယခုကအခါ အလန်ကေ ဖြစ်နေလေပြီ။

ဒီလို ဒုက္ခတွေကို ခံရမှာစိုးလို့ သူဋ္ဌေးတွေက
သူတို့ရဲ့ သားသမီးတွေကို ကုမ္ပဏီထဲ
အလုပ်သွင်းတာနဲ့ သူဋ္ဌေးရဲ့ သားသမီးဖြစ် ကြောင်း ကြေညာမောင်းခတ်တတ်တာကိုး..ဟု
Jo နားလည် သဘောပေါက် ထွင်းဖောက်၍
ဉာဏ်အလင်းရရှိသွားသည်...။

သို့သော် သူ၏ ဘောစိဒယ်ဒီသည်ကား သူ့အား
ထိုကဲ့သို့ မျက်နှာသာပေးဖို့ ဝေးစွ..... သူ့သား၏
ခပ်ချောချောမျက်နှာကိုပင် လာမကြည့်...။

Hello! My Suger Brother Where stories live. Discover now