0️⃣7️⃣

178 20 12
                                    


#UNICODE

"Brother... !Brother!!"

ဒုန်း!ဒုန်း!

သွေးမတော်သားမစပ်ညီထံမှအော်ခေါ်သံနှင့်အတူ တံခါးထုသံကျယ်ကျယ်က ထွက်ပေါ်လာတော့ Joyal အလန့်တကြားဖြင့်ထထိုင်လိုက်မိသည်။ မှန်ပြတင်းအား လိုက်ကာအမဲထူထူဖြင့်ပိတ်ထားသည်မို့ အခန်းထဲတွင်
မှောင်မှိက်နေပြီး အိပ်ရာဘေးခုံမှ Digital Clock မှ အစိမ်းနုရောင် 6:05 AM ဆိုတာလေးကအထင်းသား။

ဒုန်း!ဒုန်း!

"Brother... !"

ဆက်အိပ်၍ရမည့်ပုံစံမဟုတ်တော့တာကြောင့် ခြုံထားသောစောင်ကိုဖယ်ခွါလိုက်ရင်း
ကုတင်ပေါ်မှဆင်းသွားကာ တံခါးဖွင့်လိုက်တော့ သွားညီညီလေးတွေအားပေါ်သည်အထိပြုံးပြနေလေသည်။

ဘာလဲဟ...??ဒီကောင် တအား(မျက်နှာ)လန်းနေတာမဟုတ်ဘူးလား...

"ဘာလဲ..ဘာလဲ...?မနက်စောစောစီးစီ..."

"Brother.. ဒီနေ့ကဘာနေ့လည်းသိလား..?"

Rack ၏စကားကြောင့် Joyal ဇဝေဇဝါဖြင့် စဥ်းစားလိုက်သည်။

ဒီနေ့က နှစ်ပတ်လည်နေ့လား..?မဟုတ်တာ ..
ဒီကောင့်မွေးနေ့များလား...???ဒါမှမဟုတ် ....

အိပ်ရေးမဝတာကတမျိုး မနက်စောစောစီးစီး
စကားလာများနေတာကတမျိုးနှင့် သူစိတ်မကြည်စေချင်တော့။ မျက်ခုံးအစုံတို့ကိုတွန့်ချိုးလိုက်ပြီး ရှေ့မှ အပုအားငုံကြည့်လိုက်သည်။

"အရစ်ရှည်မနေဘဲနဲ့...လိုရင်းသာပြောစမ်း!
Rack..."

Joyalပုံစံကိုနားလည်သည့်Rack ကလည်း လက်ကာပြရင်း ပြုံးလိုက်သည်။

"Ok..Ok...ဒီနေ့က Brother ရဲ့အလုပ်ဝင်ရတဲ့ပထမဆုံးနေ့လေ....ဂုဏ်ပြုပါတယ်.... "

Rack ရဲ့စကားအဆုံး Joyal ရဲ့ နားမလည်မှုတို့သည်အား လယ်ဗယ်မြင့်သွားလေပြီဖြစ်သည်။

"What?????"

ခေါင်းငုံကာ Rack မျက်နှာနှင့်ထိကပ်မတက်
ပြောလာသည့် Joyal ပုံစံက ဘာလာကြောင်နေတာလဲ ဟူသောပုံစံဖြင့်ဖြစ်သည်။

အနားသို့တိုးကပ်ကာမေးလာသည့် Brother ကြောင့် Rack ကရုတ်တရက် နှာခေါင်းနှင့်နုတ်ခမ်းတို့ကို လက်နှစ်ဖက်ဖြင့်အုပ်လိုက်ပြီး မော့်ကြည့်လေသည်။ ထို့နောက် နောက်သို့ခြေနှစ်လှမ်းသုံးလှမ်းမျှဆုပ်လိုက်ကာ...

Hello! My Suger Brother Where stories live. Discover now