1️⃣0️⃣

173 14 39
                                    

Unicode

စနေနဲ့ တနင်္ဂနွေပိတ်ရက် နှစ်ရက်မှာ အထုတ်သယ်ဆန်တဲ့ အလုပ်သင် ဖြစ်ခဲ့ပြီးနောက်တွင်
တော့ Jo တစ်ယောက် ကျောင်းသို့ ခြေဆန့်ခွင့်
ပြန်လည်ရရှိခဲ့သည်...။

အထုတ်သယ် အလုပ်သင်ဘဝ ပြန်မရောက်ခင်
ငါးရက်အတွင်းမှာတော့ လွတ်လပ်ပစ်ဦးမည်ဟု
သူ တေးမှတ်ထားသည်....။

ဆီလိမ်း ဖီးသင်ထားသည့် ကေအား ကျေနပ်
အားရအောင် မှန်ထဲအခေါက်ခေါက်အခါခါ
ကြည့်ပြီးနောက်တွင်တော့ ကျောပိုးအိတ်ဆွဲကာ
အခန်းထဲမှ Jo ထွက်လာခဲ့သည်....။

အိမ်လည်ခန်းတွင်တော့ ကျောင်းသွားရန်
အသင့်ဖြစ်နေသည့် Rack က အသားညှပ်ပါမုန့်
အား တမြုံ့မြုံ့ဝါးရင်း Kung Fu Panda-3
ထိုင်ကြည့်နေသည်....။

" Rack...''

လှည့်ကြည့်လာသည့် ဂျပုအား Jo ခေါင်းဆတ်ပြ
ကာ ကျောင်းသွားဖို့ အချက်ပေးလိုက်သည်။

" ဘရားသား....ဝေါင်း ဝေါင်း ဝေါင်း...''

သူ့ကို ကြည့်ကာ လက်ခုပ်လက်ဝါးတီးနေသည့်
Rack ကြောင့် Jo မျက်မှောင်ကြုတ်မိသွား
သည်...။ ဘာလား....။

" ဒီနေ့တော့ လူသားဆန်နေပါလား။ အဝတ်တွေ
ဘာတွေနဲ့....ဟဲဟဲ...''

အမယ်...ခါတိုင်း သူက အဝတ်မဝတ်တာကျလို့။

သူ့ကို ချီးကျူးသလိုလိုနဲ့ နှိမ်နေတဲ့ Rack ကို စွေစောင်းကြည့်လိုက်ပြီး Rack ရဲ့ လက်ထဲတွင်
ကျန်နေသေးသည့် အသားညှပ်ပါမုန့် လက်ကျန်
အား Jo အတင်းဆွဲယူပြီး ဝါးစားပစ်လိုက်သည်။

" ဟာ....ဘရားသား...အဲ့တာ ငါ့ဟာလေ..''

" စကားမရှည်နဲ့...။ သွားမယ်..''

ကျောင်းသို့ ထွက်လာသည့် လမ်းတစ်လျှောက်လုံးတွင် Jo တက်ကြွနေကာ ကျောင်းကိုလည်း မတရားချစ်နေမိသည်...။

ကျောင်းမှ သူငယ်ချင်းတွေနဲ့ စကားပြောရင်း
ငြင်းခုန်ရတော့ ပိုလို့တောင် တက်ကြွသေး...။

မုန့်စားဆင်းချိန် ခဏနားတော့လည်း ကောင်မလေးတွေ ဘောလီဘောပုတ်နေသည့်
နေရာသို​့ သွားကာ တရွီးရွီ၏ဖြင့် လက်ခေါက်မှုတ်ရင်း အားပေးနေလိုက်သည်..။

Hello! My Suger Brother Where stories live. Discover now