0️⃣6️⃣

190 19 18
                                    

Unicode;

လင်းချင်းနေသည့် မီးဆိုင်းကြီးများထွန်းထား
သည့် ပင်လယ်စာမျိုးစုံရနိုင်သည့် ဆိုင်ကြီးတွင်
Joyal ရောက်ရှိနေပြီး နောက်လာမယ့် Daddy
နဲ့ သူ၏ မဒီအတွက်ကော၊ Rack အတွက်ပါ
ပင်လယ်စာအချို့ကို ကြိုတင်မှာယူနေသည်....။

တကူးတက မိသားစုလက်ဆုံစားပွဲလုပ်ချင်သည့်
ဒယ်ဒီတွင် အခြားအကြံအစည်တစ်ခုရှိနေမည်ကို
Joyal ရိပ်မိနေသည်....။

Rack နဲ့လည်း အဆင်ပြေအောင်နေပြီး
ကိုယ်ပိုင်အခန်းကိုတောင် Rack ကို ပေးထား
သည်အထိ ရက်ရောထားတာကို ဒယ်ဒီက
ဘာများ ထပ်လိုချင်တယ်မသိပေ.....။

" ဘရားသား...... !''

အော်သံစူးစူးနှင့်အတူ သူ၏ ပခုံးပေါ် မမှီမကမ်း
လာတင်သည့် Rack ခေါင်းမှ ဆံပင်လိတ်အချို့
ကို Joyal ဖွပေးလိုက်ပြီး.......

" မင်းမာမီကြိုက်တာတွေ ရွေးထားပေးလိုက်ဦး။
ငါ မသိလို့...''

" အိုကေလေ ''

Joyal ၏ အပြောကို Rack က ခေါင်းငြိမ့်ပြရင်း
ငွေရောင်ဗန်းတစ်ခုကိုယူကာ ဟိုနည်းနည်း
ဒီနည်းနည်းကောက်ထည့်နေသည်။

" ဘရားသားရဲ့ ဒယ်ဒီက ဘာကိစ္စရှိလို့ ငါတို့နဲ့
အတူ ညစာ စားမှာတုန်း...။ တစ်ခုခုတော့ ရှိ
တယ်မလား....''

Rack ၏ အကဲခတ်မြန်ပုံကြောင့် Joyal အံ့အား
သင့်သွားရပြီး......

" မင်းလည်း အဲ့လိုထင်တယ်လား။ ''

Joyal ၏ အမေးကို Rack က ပင်လယ်စားများ
ရွေးနေရင်းက ခေါင်းငြိမ့်ပြပါ၏....။

" အရင်တစ်ခါက ငါတို့(၄)ယောက်ဆုံတော့
မာမီနဲ့ ဒယ်ဒီရဲ့ မင်္ဂလာပွဲလုပ်တယ်လေ။
အခုက ဒုတိယအကြိမ် ထပ်ဆုံတာပဲ..။ တစ်ခုခု
မရှိဘဲနဲ့တော့ ဘရားသားရဲ့ဒယ်ဒီက ငါတို့ကို
ခေါ်မယ် မထင်ပါဘူး။ ငါပြောတာ မှန်တယ်
မလား....''

Rack ပြောနေရင်း နောက်လှည့်ကြည့်လိုက်
တော့ သူ၏ ဘရာသားဖြစ်သူ Joyal ကို
လက်ပိုက်လျက် အတွေးလွန်နေပုံဖြင့် ငြိမ်ငြိမ်
သက်သက် ရပ်နေသည်ကို တွေ့လိုက်ရပါ၏...။

ဘရားသားက ဘယ်အချိန်မဆို ကျော့ရှင်းတဲ့
အဝတ်အစားဒီဇိုင်းနဲ့ ကျစ်လစ်သည့် ကိုယ်နေ
ဟန်ထားက လူဂရုစိုက်ချင်စရာ ဖြစ်သည်...။

Hello! My Suger Brother Where stories live. Discover now