အဝါရောင်အဖုံးအမာနဲ့ဒိုင်ယာရီလေးကိုလက်ထဲမှာကျစ်နေအောင်ဆုပ်ကိုင်ရင်းစိတ်ကိုပြင်ဆင်လိုက်သည်။ဂျောင်းဝန်းလက်ထဲကိုရောက်လာခဲ့တာကြာပြီဆိုပေမယ့် ခုချိန်ထိဖွင့်မကြည့်ခဲ့သေးဘူး။
အံဆွဲထဲအသေအချာထည့်သိမ်းထားခဲ့လို့ဟောင်းနွမ်းပုံပေါက်မနေပေမယ့်အချိန်တစ်ခုကြာပြီဖြစ်လို့ စာရွက်တွေကဝါကျင့်ကျင့်ဖြစ်နေပြီ။ရှေ့ဖုံးကPark Jayဆိုတဲ့နာမည်ကခပ်ဝါးဝါးရယ်...။
မေ့လို့ရမယ်ထင်ခဲ့လို့ မေ့ထားဖို့ဆုံးဖြတ်ပြီးသိမ်းထားခဲ့တာလား...
ဒါမှမဟုတ် ဖွင့်ကြည့်ဖို့သတ္တိပဲမရှိခဲ့လို့လား...တိကျတဲ့အဖြေရယ်လို့ဂျောင်းဝန်းရှာမတွေ့ပါ။
တစ်ရွက်ချင်းလှန်ဖတ်နေရင်း
ငိုတစ်လှည့်ရယ်တစ်လှည့်နဲ့ဂျောင်းဝန်းကို မီမီကထူးဆန်းသလိုမျိုးခေါင်းလေးစောင်းကာကြည့်နေသည်။ပျော်ရွှင်စရာ ရင်ခုန်စရာတွေနဲ့ ဝမ်းနည်းစရာတွေရောနှောထားတဲ့စာအုပ်လေးက ဂျောင်းဝန်းရင်ကိုအပြစ်ရှိစိတ်တို့နဲ့အတူတင်းကြပ်လာစေသည်။
"ဝန်းလေး ကိုကို့အပေါ်အရမ်းဆိုးခဲ့တာပဲ"
ဖွင့်ထားတဲ့ပြတင်းပေါက်ကလိုက်ကာစတွေကလေပြေကြောင့်အခန်းတွင်းသို့လွင့်ဝင်လာနေသည်။
ဂျောင်းဝန်းရဲ့မွန်းကြပ်မှုတွေကို ထိုလေပြေအေးတို့ကမဖယ်ရှားနိုင်သလို စားပွဲပေါ်ကရှားစောင်းပင်ကလေးကလဲမကယ်နိုင်။
မစ္စလူစီလီဖျော်ပေးလာတဲ့ ရေခဲအများကြီးနဲ့lemonadeကလဲဂျောင်းဝန်းရဲ့ပူလောင်နေတဲ့စိတ်တွေကိုမငြိမ်းအေးစေနိုင်ခဲ့ပါ။ကုန်လွန်သွားတဲ့စာရွက်တွေနဲ့အတူ အတိတ်ရဲ့ပုံရိပ်တွေကဂျောင်းဝန်းအတွေးထဲ တရိပ်ရိပ်ဖြတ်ပြေးနေသည်။
တစ်ချို့ကဝိုးတဝါး...
တစ်ချို့ကတော့ပီပီသသ...________________________
အဝါေရာင္အဖုံးအမာနဲ႔ဒိုင္ယာရီေလးကိုလက္ထဲမွာက်စ္ေနေအာင္ဆုပ္ကိုင္ရင္းစိတ္ကိုျပင္ဆင္လိုက္သည္။
ေဂ်ာင္းဝန္းလက္ထဲကိုေရာက္လာခဲ့တာၾကာၿပီဆိုေပမယ့္ ခုခ်ိန္ထိဖြင့္မၾကည့္ခဲ့ေသးဘူး။
အံဆြဲထဲအေသအခ်ာထည့္သိမ္းထားခဲ့လို႔ေဟာင္းႏြမ္းပုံေပါက္မေနေပမယ့္အခ်ိန္တစ္ခုၾကာၿပီျဖစ္လို႔ စာ႐ြက္ေတြကဝါက်င့္က်င့္ျဖစ္ေနၿပီ။ေ႐ွ႕ဖုံးကPark Jayဆိုတဲ့နာမည္ကခပ္ဝါးဝါးရယ္...။
ေမ့လို႔ရမယ္ထင္ခဲ့လို႔ ေမ့ထားဖို႔ဆုံးျဖတ္ၿပီးသိမ္းထားခဲ့တာလား...
ဒါမွမဟုတ္ ဖြင့္ၾကည့္ဖို႔သတၱိပဲမ႐ွိခဲ့လို႔လား...တိက်တဲ့အေျဖရယ္လို႔ေဂ်ာင္းဝန္း႐ွာမေတြ႕ပါ။
တစ္႐ြက္ခ်င္းလွန္ဖတ္ေနရင္း
ငိုတစ္လွည့္ရယ္တစ္လွည့္နဲ႔ေဂ်ာင္းဝန္းကို မီမီကထူးဆန္းသလိုမ်ိဳးေခါင္းေလးေစာင္းကာၾကည့္ေနသည္။ေပ်ာ္႐ႊင္စရာ ရင္ခုန္စရာေတြနဲ႔ ဝမ္းနည္းစရာေတြေရာေႏွာထားတဲ့စာအုပ္ေလးက ေဂ်ာင္းဝန္းရင္ကိုအျပစ္႐ွိစိတ္တို႔နဲ႔အတူတင္းၾကပ္လာေစသည္။
"ဝန္းေလး ကိုကို႔အေပၚအရမ္းဆိုးခဲ့တာပဲ"
ဖြင့္ထားတဲ့ျပတင္းေပါက္ကလိုက္ကာစေတြကေလေျပေၾကာင့္အခန္းတြင္းသို႔လြင့္ဝင္လာေနသည္။
ေဂ်ာင္းဝန္းရဲ႕မြန္းၾကပ္မႈေတြကို ထိုေလေျပေအးတို႔ကမဖယ္႐ွားႏိုင္သလို စားပြဲေပၚက႐ွားေစာင္းပင္ကေလးကလဲမကယ္ႏိုင္။
မစၥလူစီလီေဖ်ာ္ေပးလာတဲ့ ေရခဲအမ်ားႀကီးနဲ႔lemonadeကလဲေဂ်ာင္းဝန္းရဲ႕ပူေလာင္ေနတဲ့စိတ္ေတြကိုမၿငိမ္းေအးေစႏိုင္ခဲ့ပါ။ကုန္လြန္သြားတဲ့စာ႐ြက္ေတြနဲ႔အတူ အတိတ္ရဲ႕ပုံရိပ္ေတြကေဂ်ာင္းဝန္းအေတြးထဲ တရိပ္ရိပ္ျဖတ္ေျပးေနသည္။
တစ္ခ်ိဳ႕ကဝိုးတဝါး...
တစ္ခ်ိဳ႕ကေတာ့ပီပီသသ...________________________
YOU ARE READING
The Yellow Pages
FanfictionFlipping through the yellow pages of Wonie's life... ဝန်းငယ်လေးရဲ့ အဝါရောင်ဘဝစာမျက်နှာတွေဆီ... Paring: Jaywon