စာမျက်နှာအသစ်​များ

1.2K 165 48
                                    

《မ​တွေ့တာကြာပြီပဲ mi casa
ကိုယ့်ကို​ကြိုဆို​​ပေးခဲ့သားပဲ
စကား​တွေမ​ပြောလဲ သက်​တောင့်သက်သာဖြစ်​နေရပါတယ်
မင်း​လေးရှိလို့သာ ကိုယ့်ရဲ့အိမ်ဆိုတာဖြစ်လာရတာပါပဲ》

Home-BTS

​ရင်အစုံက​မောဟိုက်​နေ​ပေမယ့် ​​ပြေး​နေတဲ့​ခြေလှမ်း​တွေကိုမရပ်တန့်လိုက်နိုင်။
တားမရ​အောင်စီးကျ​နေတဲ့မျက်ရည်​တွေကို အင်္ကျီလက်နှင့် ဖြစ်ကတတ်ဆန်းဆွဲသုတ်လိုက်သည်။

"အ-"

ဒီထက်ပိုပြီး ​ခြေလှမ်း​တွေကိုအရှိန်တင်​တော့ ​ခြေ​ထောက်​ခေါက်ကာဒလိမ့်​ခေါက်​ကွေးပစ်ကျသွားသည်။
အရှိန်ပြင်းတာ​ကြောင့် ဒဏ်ရာကအ​တော်​လေးများသည်။ ချက်ချင်းပြန်ထဖို့ပြင်​ပေမယ့် စိတ်သွားတိုင်းကိုယ်မပါတဲ့ခန္ဓါကိုယ်​ကြောင့် ​ဂျောင်းဝန်းအားမရစွာ​မြေကြီးကိုလက်သီးနဲ့ထိုးရင်းငို​ကြွေးမိသည်။

အရင်လို သူ့အပြစ်လဲမဟုတ်ပါပဲ တစ်ဖွဖွ​တောင်းပန်ရင်း တယုတယဆွဲထူ​ပေးမယ့်သူက ​ဘေးနားရှိမ​နေ။

တစ်ကယ်​တော့ ​​ဂျောင်းဝန်းက
ဒီလိုယုယမှု​တွေ... ကိုကို့ရဲ့အချစ်​တွေနဲ့ နဲနဲ​လေးမှမထိုက်တန်ဘူး။

သူကိုကို့ ကို ဒဏ်ရာ​တွေအများကြီး​ပေးခဲ့မိတယ်...

''ဂျေ​ဂျေးက...
ဝန်းငယ်ထွက်သွားပြီး​တော့ တဖြည်းဖြည်းစကားနည်းလာတယ်

​နောက်​တော့ စကားလုံးဝမ​ပြော​တော့ဘူး

အန်တီတို့ အထူးကုနဲ့ပြကြည့်​ပေမယ့် မထူးဘူး
စိတ်​ရောဂါအဖြစ်သတ်မှတ်လိုက်ကြလို့ စိတ်​ရောဂါဆရာဝန်​တွေနဲ့ တိုင်ပင်ခိုင်းကြည့်ခဲ့​ပေမယ့်လဲ ထူးမလာခဲ့ဘူး

အဖိုးဒယ်မွန်းကဆုံးသွား​တော့ ​ဂျေ​ဂျေးကအဖိုးဒယ်မွန်းရဲ့ ယာခင်းထဲမှာပဲ တစ်​ယောက်ထဲ​နေ​နေတတ်တယ်
ဘယ်သူ့ကိုမှလဲစကားမ​ပြောပဲ ဘယ်သူ့ကိုမှလဲအ​တွေ့မခံခဲ့ဘူး
အန်တီ့ကို​တောင်မှပဲ...

အခုလဲ အဲ့ဒီမှာပဲရှိ​နေလိမ့်မယ်''

နာကျင်မှုကိုတင်းခံပြီး မတ်တပ်ပြန်ရပ်လိုက်သည်။
​သူကဒီထက်ပိုပြီး​တောင် နာကျင်ခံစားသင့်​သေးတာ...

The Yellow PagesWhere stories live. Discover now