စာမျက်နှာ ၆✏>အ​တောင်စုံ​သောငှက်က​လေး

855 143 24
                                    

စာမျက်နှာ ၆။ အ​တောင်စုံ​သောငှက်က​လေး

ပထမဆုံးဒိတ်အတွက်စိတ်လှုပ်ရှားစွာပြင်ဆင်​နေ​ပေမယ့် ရာသီဥတုကကိုယ့်ဖက်မပါသလိုမျိုး မိုးစက်လက်ကျ​နေသည်။

နှုတ်ခမ်းက​သွေးစ​တွေနဲ့ မျက်နှာ​ပေါ်ကအညိုအမည်း​တွေက ဂရုစိုက်​ပေးမယ့်သူမရှိတာ​ကြောင့် ​​လျော့မသွား​သေး။

​ဂျေး​ဟျောင်းသူ့ကို ​တော်​တော်​လေးစိတ်ဆိုးသွားတာဖြစ်မယ်လို့​တွေးမိ​ပေမယ့် အဲ့လိုစိတ်ဆိုးသွားတာကလဲ သူ့အတွက်အဆင်​ပြေသည်။

​နေရခက်တဲ့အ​ခြေအ​နေ​တွေရှိလာနိုင်တယ်ဆို​ပေမယ့် မ​နေ့ကဒူရှစ်​ပြောခဲ့တဲ့စကား​​တွေက ​ဂျောင်းဝန်းနားထဲကြား​ယောင်​နေဆဲမို့ တဖြည်းဖြည်းအဆင်​ပြေသွားနိုင်သည်။

အိမ်က​နေထွက်ခဲ့​တော့ ခြံထဲမှာ ပန်းပင်​ရေ​လောင်း​နေတဲ့ ​ဂျေး​ဟျောင်းရဲ့အ​ဖေနဲ့​တွေ့သည်။

"​ဝန်း​လေး မျက်နှာကဒဏ်ရာ​တွေကဘယ်လိုဖြစ်တာလဲ"

"အာ အ​ထွေအထူးမဟုတ်ပါဘူး ဒီတိုင်း..."

"မ​နေ့ညက ​ဂျေးကဝန်းငယ်ဆီအိပ်တာလား
ဒီ​ကောင်​လေး အိမ်ကို​တစ်ချက်​တောင်ဝင်မလာဘူး"

"ဗျာ..."

​ဂျောင်းဝန်း​မေးခွန်းထုတ်သလိုတအံ့တသြ​​ကြည့်မိ​တော့ မျက်လုံး​တွေပြူးသွားရသူက ​ဂျေး​ဟျောင်းရဲ့အ​ဖေ။

"​ဟော ဝန်းငယ်ဆီလဲပြန်မအိပ်ဘူးလား

ဒီ​ကောင်​လေး ဘယ်​တွေ​လျှောက်သွား​နေပါလိမ့်"

​ရေပိုက်ကိုပစ်ချခဲ့ပြီး အထဲကိုဝင်သွားတဲ့ဦး​လေး​ကြောင့်​ဂျောင်းဝန်းလဲ ထွက်လာခဲ့​တော့သည်။

လမ်းတစ်​လျှောက်လုံး ​ဂျောင်းဝန်းအသည်းအသန်စဥ်းစား​နေမိသည်။

"ပတ်​ဆောင်းဟွန်းဆီမှာများရှိ​နေမလား"

​အသက်ရှည်ဦးမယ့် ပတ်​ဆောင်းဟွန်းက သူနဲ့မျက်နှာချင်းဆိုင်က​နေ ဆိုင်ကယ်ကိုစီးရင်းလာ​နေသည်။

သူ့နားကိုအ​ရောက်မှာဆိုင်ကယ်ကိုရပ်သည်။

"ပတ်​ဆောင်းဟွန်း?"

The Yellow PagesTempat cerita menjadi hidup. Temukan sekarang