စာမျက်နှာ ၅။ အရောင်ပြောင်းသွားသောတိမ်တိုက်များ
အချိန်တွေကတစ်နှစ်ပြီးတစ်နှစ်
လျှင်မြန်စွာကုန်ဆုံးသွားလိုက်တာ အခုဆိုရင်ဂျေးကဝင်ခွင့်စာမေးပွဲအတွက်ပြင်ဆင်နေသလို ဝန်းငယ်တစ်ယောက်လဲအရွယ်ရောက်လာချေပြီ။စာအုပ်ထဲခေါင်းဝင်မတတ်ကြိုးစားနေတဲ့ဂျေးကို ဝန်းလေးကစာကြည့်စားပွဲပေါ်မေးထောက်ပြီးငုတ်တုတ်ထိုင်ကြည့်နေသည်။
အာရုံစိုက်ခံချင်တဲ့ကြောင်ကလေးလိုမျိုး တစ်ခါတစ်ခါဂျေးချထားတဲ့ဘောပင်တွေကိုလှိမ့်ဆော့တတ်သေးသည်။"ဟျောင်း"
"အင်း"
"ဂျေးဟျောင်းက အရင်ကအိပ်ခါနီးဆိုဝန်းလေးကိုစာဖတ်ပြပြီး ပိုပို ပေးနေကျလေ
အခုဘာလို့မပေးတော့တာလဲ"
အသက်အရွယ်အရမသင့်တော်တော့တဲ့တစ်ချို့ကိစ္စတွေကို ဂျေးကပဲစိတ်ထိန်း၍ဆင်ခြင်ရသည်။
ဝန်းငယ်ကတော့ဘာမှမသိသလို...
ပျက်ကွက်သွားတဲ့အိပ်ယာဝင်အနမ်းတွေအကြောင်းမေးခွန်းထုတ်လာသည်။"မသင့်တော်တော့ဘူးလေ ဝန်းငယ်
ကိုကိုတို့ကအရွယ်ရောက်တဲ့လူတွေဖြစ်လာတော့မှာလေ""ဝန်းလေးကတော့ကလေးပဲ ရှိသေးတာကို"
"ဟင့်အင်း ဝန်းလေးကဆယ်ကျော်သက်ဖြစ်နေပြီ"
ဘာသံမှထပ်ထွက်မလာတော့လို့ကြည့်လိုက်တော့
ဂျေးရဲ့အပြောကိုပါးတစ်ဖက်ဖောင်းတာအတော်လေးစဥ်းစားနေပုံရသည်။ဘောပင်တွေကိုလဲလှိမ့်မဆော့တော့သလို စာရွက်ထောင့်တွေကိုလဲလိုက်ခေါက်မနေတော့။
တစ်ကယ်တော့ဝန်းလေးပြောတာကိုဂျေးလက်ခံသည်။
ဘယ်အရွယ်တွေရောက်ရောက် ဝန်းလေးကဂျေးအတွက်တော့ချစ်စရာကလေးလေးတစ်ယောက်ပဲဖြစ်နေဦးမှာ..._______________
"အိုမားမရှိတုန်းစိတ်ချမယ်နော်ဝန်းငယ်"
ဆေးရုံသွားတက်ရမယ့်အိုမားအတွက်လိုအပ်တာတွေထည့်ပေးနေတဲ့ဝန်းငယ်ကို အိုမားကအပ်ကြောင်းထပ်အောင်မှာနေသည်။
YOU ARE READING
The Yellow Pages
FanfictionFlipping through the yellow pages of Wonie's life... ဝန်းငယ်လေးရဲ့ အဝါရောင်ဘဝစာမျက်နှာတွေဆီ... Paring: Jaywon