စာမျက်နှာ ၁ ။ အဖြူရောင်တိမ်တိုက်များ
"အရုပ်လိုချင်တယ်"
အရုပ်မရရင်ပြိုကျတော့မလိုမျက်ဝန်းတွေနဲ့
ဝန်းလေးက လက်တွေကိုမရေမရာ သူ့ဘက်ကိုညွှန်ရင်းပြောလာသည်။"ဝန်းငယ်လက်ထဲမှာတစ်ရုပ်ရှိတယ်လေဝန်းငယ်ရယ်"
"မရဘူးအိုမား
ကိုကို့ဟာကပိုဆော့လို့ကောင်းမှာ"သူ့အမေကိုပါစစ်ကူတောင်းသလိုထည့်ပြောတော့ ဂျေးရဲ့နှုတ်ခမ်းတို့အနည်းငယ်ဆူသွားရသည်။
"ဝန်းလေးကိုပေးဆော့လိုက်ပါဂျေဂျေးရယ်"
ဂျေးရဲ့အမေကဖျောင်းဖြသလိုဝင်ပြောသည်။
မသိရင်ဂျေးကပဲမပေးချင်တဲ့အတိုင်း...ဂျေးဘာမှမပြောပဲ သူဆော့လက်စအရုပ်ကို ဝန်းလေးလက်ထဲထည့်ပေးလိုက်သည်။
အရုပ်ရသွားလို့ကျေနပ်သွားသလိုဝန်းလေးက ပါးချိုင့်တွေခွက်နေအောင်ပြုံးရင်း ကျေနပ်နေခဲ့သည်။
သိုပေမယ့် ခဏအကြာမှာထိုအပြုံးတို့ကတဖြည်းဖြည်းအားပျော့လာပြန်သည်။
ဂျေးရဲ့လက်ထဲက သူမလိုချင်လို့ပစ်ချထားခဲ့တဲ့အရုပ်ကို စိတ်ဝင်တစားကြည့်နေလေပြန်သည်။
"လိုချင်လို့လား"
ဝန်းလေးက ဂျေးရဲ့အမေးကို ခေါင်းတွေတစ်ဆတ်ဆတ်ညိမ့်လို့ပြသည်။
"ဒီတိုင်းတော့မရဘူး"
ကြည်လဲ့လဲ့မျက်ဝန်းဝိုင်းတို့သည် ဂျေးဆက်ပြောလာမယ့်စကားတို့ကို မျှော်တလင့်လင့်စောင့်စားနေသည်။
YOU ARE READING
The Yellow Pages
FanfictionFlipping through the yellow pages of Wonie's life... ဝန်းငယ်လေးရဲ့ အဝါရောင်ဘဝစာမျက်နှာတွေဆီ... Paring: Jaywon