စာမျက်နှာ ၃။ မေတ္တာရဲ့အတိမ်အနက်
အနောက်ဘက်မိုးကုပ်စက်ဝန်းကနေ မိုးတွေညို့တက်လာတာကိုမြင်တော့ စာသင်နေရာကနေပြတင်းပေါက်ဖက်ငေးကြည့်မိသည်။
"မိုးရွာမယ်ထင်တယ် ဂျေး
ကျောင်းဆင်းတာနဲ့ဘောလုံးသွားကန်ရအောင်"ပုခုံးကိုဆုပ်ကိုင်ရင်းပြောလာတဲ့ဆောင်းဟွန်းကိုအားနာပေမယ့် ငြင်းရမည်။ မိုးသည်းထဲဝန်းငယ်ကိုတစ်ယောက်ထဲပြန်လွှတ်ဖို့မဖြစ်နိုင်။
"ဆောရီးကွာ နောက်တစ်ခေါက်မှပေါ့"
"မင်းအဲ့လိုပြောတာဘယ်နှစ်ခါရှိနေပြီလဲ
ယန်းဂျောင်းဝန်းကအရွယ်ရောက်နေပါပြီကွာ
သူဖာသူပြန်ပါလိမ့်မယ်"ဂျေးရဲ့အကြောင်းပြချက်ကိုသိနေသလိုမျိုးဆောင်းဟွန်းက မကျေမနပ်နှင့်ဆိုသည်။
ဂျေးအထွေအထူးပြောမနေတော့ပဲ ပြုံးသာပြမိသည်။အိမ်ရောက်ရင်တွေ့ရမှာဆိုပေမယ့်လဲ အိမ်ပြန်ချိန်တိုင်းအတူရှိနေချင်တာပဲ။
နဲနဲလေးတောင်မခွဲချင်တာမို့ ကျောင်းချိန်အတွင်းမမြင်ရတာတောင်လွန်လှပြီ။
ဒါတောင်နေ့လည်ကျောင်းဆင်းချိန်ဆိုရင် ဂျူနီယာတန်းတွေရဲ့ကန်တင်းကိုခြေဦးလှည့်ရန်ပြင်နေတတ်တဲ့ဂျေးကို ဆောင်းဟွန်းကဂုတ်ကနေဆွဲဆွဲခေါ်ထားလို့...ညနေကျောင်းဆင်းတာနဲ့စာအုပ်တွေကိုလွယ်အိတ်ထဲအမြန်အဆန်ထိုးထည့်ကာထွက်လာခဲ့သည်။
စက်ဘီးတွေထားတဲ့နေရာမှာဝန်းလေးကရောက်နှင့်နေပြီ။ဂျေးကစက်ဘီးထုတ်နေတဲ့အချိန်မှာဝန်းလေးကအဝါရောင်မိုးကာအင်္ကျီကိုကောက်စွပ်နေသည်။
အပေါ်အောက်ကြယ်သီးတစ်လွဲတပ်ထားတဲ့မိုးကာအင်္ကျီပွပွထဲမှာ ဂျောင်းဝန်းကမြုပ်လို့...
ကြက်ပေါက်စကလေးနဲ့တူတာကြောင့်တလွဲတပ်ထားတဲ့ကြယ်သီးကိုပြန်ပြင်ပေးရင်း ဂျေးပြုံးလိုက်မိသည်။"သွားပြီနော်ဂျေဂျေး နောက်တစ်ခေါက်တော့ဆက်ဆက်လိုက်ခဲ့ရမယ်"
YOU ARE READING
The Yellow Pages
FanfictionFlipping through the yellow pages of Wonie's life... ဝန်းငယ်လေးရဲ့ အဝါရောင်ဘဝစာမျက်နှာတွေဆီ... Paring: Jaywon