စာမျက်နှာ ၄✏>အဝါ​ရောင်​ဆောင်းခိုဝက်ဝံ​လေး

810 146 13
                                    

စာမျက်နှာ ၄။ အဝါ​ရောင်​ဆောင်းခိုဝက်ဝံ​လေး

"​​ဟျောင်း ​ဂျေး​ဟျောင်း​ရေ
ထ​တော့ ထ​တော့လို့"

ဘာ​တွေစိတ်လှုပ်ရှားစရာရှိ​နေလဲမသိပါ။
အိပ်​ပျော်​နေတဲ့​​ဂျေး​ဂျေးကို ဝန်းငယ်ကမရရ​အောင်လှုပ်​နှိုး​နေသည်။

"အ​စောကြီးရှိ​သေးတာကို ဘာဖြစ်လို့လဲ"

အိပ်ယာ​ပေါ်တက်ကာ တစ်ကိုယ်လုံးကိုသိမ်းကြုံးဖက်ထားရင်းဆွဲခါ​နေတာ​ကြောင့်​ဂျေးတစ်​ယောက်မထလို့မရ​တော့။

"cosmos​တွေပွင့်​နေ​တယ်​ဟျောင်း
လိပ်ပြာသွားဖမ်းကြမယ်​လေ
​နေထွက်လာရင်ပူမှာစိုးလို့"

"အဲ့တာများ ည​နေကျမှဖမ်း​ပေါ့"

"အာ ဝန်း​လေးမ​စောင့်နိုင်​တော့ဘူး
ခုသွားမှရမှာ ထ​တော့"

အိပ်ယာ​ပေါ်မှာငုတ်တုတ်ထိုင်​နေ​သေးတဲ့သူ့ကိုဝန်း​လေးက​ခြေကန်ဆွဲ​ခေါ်ကာ ​ရေချိုးခန်းထဲတွန်းထည့်သည်။

​ဆောင်းဝင်ခါစမို့ ​အ​အေးဓါတ်ကတစ်ဖြည်းဖြည်းပိုကဲလာ​နေပြီ။
လိပ်ပြာ​တွေဖမ်းဖို့သာအာရုံ​ရောက်​နေတဲ့ဝန်း​လေးက​တော့ အ​နွေးထည်ဝတ်ဖို့ကိုသတိမရသလိုမျိုးခုန်ဆွ ခုန်ဆွနှင့်သာအိမ်ကထွက်ဖို့စိတ်အားထက်သန်​နေ​လေသည်။

အဲ့​တော့​ဂျေးကပဲဝန်း​လေးနဲ့လိုက်ဖက်မယ့်အဝါရောင်ဆွယ်တာတစ်ထည်ကိုဆွဲထုတ်ကာဝတ်ခိုင်းရသည်။

​ပုံမှန်​ကျောင်းပိတ်တဲ့​နေ့​တွေဆို ​နေမွန်းတည့်သည်အထိအိပ်တတ်တဲ့​ဂျေးအတွက် အခုလို​နေတစ်ဝက်ပဲထွက်​သေးတဲ့အချိန်ကအရမ်းကို​စောလွန်း​နေသည်။

မနက်ခင်းရဲ့​ရောင်ခြည်​နွေး​နွေး​တွေဖြာကျ​နေတဲ့လမ်းက​လေး​ပေါ်မှာ ​ဂျောင်းဝန်းကတစ်ဖက်ကလိပ်ပြာဖမ်းတဲ့ပိုက်တံကိုကိုင်ကာ တစ်ဖက်က​တော့​ဂျေးရဲ့လက်ကိုဆွဲရင်းcosmos​​ပန်းတွေရှိရာသို့​ခေါ်​ဆောင်လာသည်။

ရောင်စုံcosmos​တွေကဂျုံခင်းကြီးရဲ့​ဘေးတစ်​လျှောက်မျက်စိတစ်ဆုံးအထိ​ပေါက်​ရောက်ကာပွင့်လန်း​နေကြသည်။

The Yellow PagesWhere stories live. Discover now