အမှတ်တရတို့အားစတင်တူးဆွခြင်း

2.5K 172 4
                                    


အဝါ​ရောင်အဖုံးအမာနဲ့ဒိုင်ယာရီ​လေးကိုလက်ထဲမှာကျစ်​နေ​အောင်ဆုပ်ကိုင်ရင်းစိတ်ကိုပြင်ဆင်လိုက်သည်။

​ဂျောင်းဝန်းလက်ထဲကို​ရောက်​လာခဲ့တာကြာပြီဆို​ပေမယ့် ခုချိန်ထိဖွင့်မကြည့်ခဲ့​သေးဘူး။


အံဆွဲထဲအ​သေအချာထည့်သိမ်းထားခဲ့လို့​ဟောင်းနွမ်းပုံပေါက်မ​နေ​ပေမယ့်အချိန်တစ်ခုကြာပြီဖြစ်လို့ စာရွက်​တွေကဝါကျင့်ကျင့်ဖြစ်​နေပြီ။

​ရှေ့ဖုံးကPark Jayဆိုတဲ့နာမည်ကခပ်ဝါးဝါးရယ်...။

မေ့လို့ရမယ်ထင်ခဲ့လို့ ​မေ့ထားဖို့ဆုံးဖြတ်ပြီးသိမ်းထားခဲ့တာလား...
ဒါမှမဟုတ် ဖွင့်ကြည့်ဖို့သတ္တိပဲမရှိခဲ့လို့လား...

​တိကျတဲ့အ​ဖြေရယ်လို့​ဂျောင်းဝန်းရှာမ​တွေ့ပါ။

တစ်ရွက်ချင်းလှန်ဖတ်​နေရင်း
ငိုတစ်လှည့်ရယ်တစ်လှည့်နဲ့​ဂျောင်းဝန်းကို မီမီကထူးဆန်းသလိုမျိုး​ခေါင်း​လေး​စောင်းကာကြည့်​နေသည်။

​​ပျော်ရွှင်စရာ ရင်ခုန်စရာ​တွေနဲ့ ဝမ်းနည်းစရာ​တွေ​ရော​နှောထားတဲ့စာအုပ်​လေးက​ ​ဂျောင်းဝန်းရင်ကိုအပြစ်ရှိစိတ်တို့နဲ့အတူတင်းကြပ်လာ​စေသည်။

"ဝန်း​လေး ကိုကို့အ​ပေါ်အရမ်းဆိုးခဲ့တာပဲ"

ဖွင့်ထားတဲ့ပြတင်း​ပေါက်ကလိုက်ကာစ​တွေက​လေ​​ပြေကြောင့်အခန်းတွင်းသို့လွင့်ဝင်လာ​နေသည်။

​ဂျောင်းဝန်းရဲ့မွန်းကြပ်မှု​တွေကို ထို​လေ​ပြေ​အေးတို့ကမဖယ်ရှားနိုင်သလို စားပွဲ​ပေါ်ကရှား​စောင်းပင်က​လေးကလဲမကယ်နိုင်။
မစ္စလူစီလီ​ဖျော်​ပေးလာတဲ့ ​ရေခဲအများကြီးနဲ့lemonadeကလဲ​ဂျောင်းဝန်းရဲ့ပူ​လောင်​နေတဲ့စိတ်​တွေကိုမငြိမ်း​အေး​စေနိုင်ခဲ့ပါ။

ကုန်လွန်သွားတဲ့စာရွက်​တွေနဲ့အတူ အတိတ်ရဲ့ပုံရိပ်​တွေက​ဂျောင်းဝန်းအ​တွေးထဲ တရိပ်ရိပ်ဖြတ်​ပြေး​နေသည်။

တစ်ချို့ကဝိုးတဝါး...
တစ်ချို့က​တော့ပီပီသသ...

________________________

အဝါ​ေရာင္အဖုံးအမာနဲ႔ဒိုင္ယာရီ​ေလးကိုလက္ထဲမွာက်စ္​ေန​ေအာင္ဆုပ္ကိုင္ရင္းစိတ္ကိုျပင္ဆင္လိုက္သည္။

​ေဂ်ာင္းဝန္းလက္ထဲကို​ေရာက္​လာခဲ့တာၾကာၿပီဆို​ေပမယ့္ ခုခ်ိန္ထိဖြင့္မၾကည့္ခဲ့​ေသးဘူး။


အံဆြဲထဲအ​ေသအခ်ာထည့္သိမ္းထားခဲ့လို႔​ေဟာင္းႏြမ္းပုံေပါက္မ​ေန​ေပမယ့္အခ်ိန္တစ္ခုၾကာၿပီျဖစ္လို႔ စာ႐ြက္​ေတြကဝါက်င့္က်င့္ျဖစ္​ေနၿပီ။

​ေ႐ွ႕ဖုံးကPark Jayဆိုတဲ့နာမည္ကခပ္ဝါးဝါးရယ္...။

ေမ့လို႔ရမယ္ထင္ခဲ့လို႔ ​ေမ့ထားဖို႔ဆုံးျဖတ္ၿပီးသိမ္းထားခဲ့တာလား...
ဒါမွမဟုတ္ ဖြင့္ၾကည့္ဖို႔သတၱိပဲမ႐ွိခဲ့လို႔လား...

​တိက်တဲ့အ​ေျဖရယ္လို႔​ေဂ်ာင္းဝန္း႐ွာမ​ေတြ႕ပါ။

တစ္႐ြက္ခ်င္းလွန္ဖတ္​ေနရင္း
ငိုတစ္လွည့္ရယ္တစ္လွည့္နဲ႔​ေဂ်ာင္းဝန္းကို မီမီကထူးဆန္းသလိုမ်ိဳး​ေခါင္း​ေလး​ေစာင္းကာၾကည့္​ေနသည္။

​​ေပ်ာ္႐ႊင္စရာ ရင္ခုန္စရာ​ေတြနဲ႔ ဝမ္းနည္းစရာ​ေတြ​ေရာ​ေႏွာထားတဲ့စာအုပ္​ေလးက​ ​ေဂ်ာင္းဝန္းရင္ကိုအျပစ္႐ွိစိတ္တို႔နဲ႔အတူတင္းၾကပ္လာ​ေစသည္။

"ဝန္း​ေလး ကိုကို႔အ​ေပၚအရမ္းဆိုးခဲ့တာပဲ"

ဖြင့္ထားတဲ့ျပတင္း​ေပါက္ကလိုက္ကာစ​ေတြက​ေလ​​ေျပေၾကာင့္အခန္းတြင္းသို႔လြင့္ဝင္လာ​ေနသည္။

​ေဂ်ာင္းဝန္းရဲ႕မြန္းၾကပ္မႈ​ေတြကို ထို​ေလ​ေျပ​ေအးတို႔ကမဖယ္႐ွားႏိုင္သလို စားပြဲ​ေပၚက႐ွား​ေစာင္းပင္က​ေလးကလဲမကယ္ႏိုင္။
မစၥလူစီလီ​ေဖ်ာ္​ေပးလာတဲ့ ​ေရခဲအမ်ားႀကီးနဲ႔lemonadeကလဲ​ေဂ်ာင္းဝန္းရဲ႕ပူ​ေလာင္​ေနတဲ့စိတ္​ေတြကိုမၿငိမ္း​ေအး​ေစႏိုင္ခဲ့ပါ။

ကုန္လြန္သြားတဲ့စာ႐ြက္​ေတြနဲ႔အတူ အတိတ္ရဲ႕ပုံရိပ္​ေတြက​ေဂ်ာင္းဝန္းအ​ေတြးထဲ တရိပ္ရိပ္ျဖတ္​ေျပး​ေနသည္။

တစ္ခ်ိဳ႕ကဝိုးတဝါး...
တစ္ခ်ိဳ႕က​ေတာ့ပီပီသသ...

________________________

The Yellow PagesWhere stories live. Discover now