စာမျက်နှာ ၂။ မမြင်နိုင်သောကြိုးကလေး
လမ်းတစ်ဖက်တစ်ချက်စီမှာရွှေဝါရောင်ဂျုံခင်းတို့ကနေရာယူထားတဲ့မြေမာလမ်းကလေးဟာ ဂျေးနဲ့ဂျောင်းဝန်းတို့ကျောင်းသွားကျောင်းပြန်လမ်းကလေးဖြစ်သည်။
ဂျေးကိုစက်ဘီးမဝယ်ပေးခင်ကအတူလမ်းလျှောက်ပြီးဖြတ်သွားနေကျ။
ဂျုံခင်းဘေးမှာပေါက်နေတဲ့မြက်ရိုင်းပင်တွေကို လိုက်ဆော့နေတတ်တဲ့ဝန်းလေးကိုထိန်းရင်း အိမ်ပြန်ချိန်က လိုတာထက်နောက်ကျနေခဲ့တဲ့နေရက်တွေကလဲမနည်းမနော။ဂျုံခင်းနဲ့ခပ်လှမ်းလှမ်းက လေရဟတ်တွေက လေသာတဲ့နေတွေမှာဆို ခပ်ဖြည်းဖြည်းလည်ပတ်လို့။
ဝန်းလေးက လေတိုက်လို့လွင့်နေတဲ့ဆံပင်တွေကိုမသိမ်းပဲ မျက်နှာကိုပိုမော့ရင်း လက်နှစ်ဖက်ကိုဆန့်ကာ
ဂျေးရဲ့ဘေးမှာပတ်ပြေးနေသည်။"ဂျေးဟျောင်း ဒီကိုကြည့်ပါဦး
ဝန်းလေးက ငှက်ကလေးနဲ့မတူဘူးလား"ဝန်းလေးရဲ့လွယ်အိတ်တွေကိုဂျေးကသယ်ထားပေးတာကြောင့်လွတ်လွတ်လပ်လပ်ပတ်ပြေးနေတဲ့ဝန်းလေးကိုကြည့်ကာဂျေးရယ်မောမိသည်။
ဟုတ်တယ် ငှက်ကလေး...
မကြာခင်မှာအတောင်တွေစုံလာတော့မယ့်ငှက်ကလေး...
ဝန်းလေးငယ်ငယ်ကကျောင်းကနေလုပ်လာတဲ့ရောင်စုံလေပန်ကာလေးကဂျေးတို့အိမ်ရှေ့ကဝရံတာလေးမှာနေရာယူသည်။
ဂျေးခေါက်ပေးခဲ့တဲ့စက္ကူပန်းတွေကတော့ဂျောင်းဝန်းရဲ့ပေါ့ဆမှုကြောင့်မြေဩဇာဖြစ်နေလေပြီ။
CZYTASZ
The Yellow Pages
FanfictionFlipping through the yellow pages of Wonie's life... ဝန်းငယ်လေးရဲ့ အဝါရောင်ဘဝစာမျက်နှာတွေဆီ... Paring: Jaywon