ခြံတံခါးဖွင့်ပြီး အိမ်ထဲကိုဝင်လာခဲ့သည်
အခန်းထဲ အရောက်
အမေ....
ရုတ်တရက် ပါးစပ်ကိုလက်နဲ့အပိတ်ခံလိုက်ရပြီး ဆောင့်တွန်းလိုက်သောကြောင့် ကြမ်းပြင်ပေါ်သို့ ကျသွားသည်မှာ မသက်သာလှပေ
နင့်အမေ ဘယ်မှာလဲ???
ကျွန်မ မသိပါဘူး
ငါ မေးနေတယ်လေ နင့်အမေ ဘယ်မှာလဲ???
ပါးစပ်နဲ့မေးတာတင်မဟုတ်ပဲ လက်ကပါ ဆံပင်ကို ဆောင့်ဆွဲရင်း .....ငါမေးနေတယ်လို့
နင့်အမေ ဘယ်မှာလဲ???
နင့်အမေကို ယုံစားမိတာငါမှားသွားပြီအခု နင့်အမေ ဘယ်မှာလဲ???
ငိုနေရင်းက လက်အုပ်ချီလိုက်ပြီး ကျွန်မ တကယ်မသိ..
အားးး စကားမဆုံးသေး ခေါင်းပေါ် လက်ရောက်လာပြီး အကန်ခံလိုက်ရသည် ထို့နောက်...
တစ်ကိုယ်လုံးကို စောင်ဖြင့် အုပ်မိုးခံလိုက်ရသည်
အခန်းထဲတွင် စောင်နှင့်ပတ်ထားသော ခန္ဓာကိုယ် ကို ယောကျ်ားတစ်ဦးမှ ခြေထောက်ဖြင့် စိတ်ရှိလက်ရှိကို ကန်နေသည်...
အိမ်ရဲ့အပြင်နံရံကနေ အခန်းထဲက အခြေအနေကို ချောင်းကြည့်နေသော အမျိုးသမီးတစ်ဦး
နာရီပိုင်းမျှ ရိုက်နှက်ပြီးသည့်နောက် ငြိမ်ကျသွားသည် ...
တောက် .. ကြည့်ရတာ သတိလစ်သွားပြီထင်တယ်
အခန်းထောင့်မှာ ထိုင်းရင်း အရက်သောက်နေလိုက်သည်။ ဒီမိန်းမ ပြန်တော့လာမှာပါ ဒါသူ့အိမ်ပဲကိုထိုစဥှ...
Kim Soo Hyun...အသံလာရာသို့ လှမ်းကြည့်လိုက်ရင်း အခန်းထဲဝင်လာသူကို လက်ထဲကအရက်ပုလင်းဖြင့် ပစ်ပေါက်လိုက်သည်
ခွမ်းးး အာ့
နဖူးကိုထိမှန်သွား၍ သွေးများစီးကျလာသည်။ ထိုလူမှာ သူ့ဒဏ်ရာကို အရေးမစိုက်အားပဲ
ဝင်လုံးတော့သည် အပြန်အလှန်ထိုးနေရင်းမှ
အိတ်ကပ်ထဲက လက်ထိပ်ကို ထုတ်လိုက်ပြီး ခတ်လိုက်သည် ။မင်းကို လူသတ်မှုနဲ့ ဖမ်းလိုက်ပြီ
ငါ လူ မသတဘှူးးးးးးး
YOU ARE READING
You're my mind
Fanfictionငါကတော့နင်နဲ့အတူသေဖို့အထိဆုံးဖြတ်ထားပေမယ့် ငါ့ကိုသေမင်းနှုတ်ခမ်းဝမှာထားခဲ့ပြီးကိုယ်လွတ်ရုန်းသွားတဲ့နင့်ကိုငါဒီတစ်သက်ဘယ်တော့မှမမေ့ဘူး #Kim Jisoo