#Unicode
" Jen နင့်လက်ထိသွားတယ်မို့လား "
" ရပါတယ်ဟ...အပေါ်ယံလေးပဲထိသွားတာပါ "
" ဟို ကလေးရော ဘယ်လိုနေသေးလဲ Ji "
" ဆေးရှိန်နဲ့ မှိန်းနေတယ်ထင်တယ်...ငါသွားကြည့်လိုက်ဦးမယ် "
.
.
.ဆေးခန်းအနီးတွင် ကားကိုရပ်ခိုင်းလိုက်ပြီး Irene ကားပေါ်မှဆင်းကာ ဆေးခန်းကိုကြည့်နေစဥ်မှာပင်
ဆေးခန်းရှေ့မှာ ဖုန်းပြောနေသော Jenကိုတွေ့ပြီးဒါ...ဓာတ်ပုံထဲက Kim Tae Min ရဲ့သမီး
Kim Jennie ပဲ......
.
" ကလေး... အစ်မကို မကြောက်နဲ့နော် "" မယုံတော့ဘူး "
" ဟင်..ဘာပြောလိုက်တာလဲ..."
" လူတွေကို မယုံတော့ဘူးလို့...လူလိမ်တွေ....
အကုန်လုံးက လူလိမ်တွေ "Ji ကို ကျောခိုင်း လှည့်လိုက်ပြီး တီးတိုး ရေရွတ်လိုက်တဲ့ Chae
" ဘာပြောလိုက်တာလဲ..အစ်မ မကြားလိုက်ဘူး...
ဘာပြောလိုက်တာလဲ "Chae အခုမှ သူမရဲ့ ဆွဲကြိုးလေးကို သတိရပြီး
အိတ်ကပ်တွေထဲ လိုက်စမ်းနေတော့သည်...." ဒါလေးကို ရှာနေတာလား...? "
Ji ကဆွဲကြိုးလေးကို ပြလိုက်တော့ Jiလက်ထဲကနေ
Chae ကလုယူလိုက်ပြီး.." ဟုတ်တယ် "
Irene ဆေးခန်းအတွင်းကို ဝင်လိုက်ပြီး Chae ဘေးနားက Ji ကို တွန်းထုတ်ကာ.....
" ဖယ်စမ်း...သူ့အနားကနေ "
Chae ကို Irene ကျောပိုးလိုက်ပြီး ဆေးခန်းထဲမှ
ထွက်ကာ ကားရှိရာသို့ လာပြီး နောက်ခန်းတံခါးကို
ဖွင့်ကာ Chae နဲ့အတူ ဝင်လိုက်သည်။
အမြန်မောင်းတော့......" အဒေါ်ကြီး အဲ့လို လုပ်လို့ မရဘူးလေ
သူ့ကိုခေါ်သွားလို့မရသေးဘူး...သူ့ခြေထောက်က..."
Ji အော်ဟစ်ရင်း ဆေးခန်းအပြင်ကို ပြေးအထွက်Jen တွေ့ပြီးးး
" Ji ဘာဖြစ်တာလဲ "
Jiရဲ့အမေးကို Jen လက်ညှိုးထိုးပြလိုက်ရင်း
" ဟိုမှာ ဟိုကလေး ဟိုကားပေါ်မှာပါသွားပြီ... "
ပြောရင်း Ji ကကားနောက်ပြေးလိုက်တာကြောင့်
Jen ပါ Ji နဲ့အတူ နှစ်ယောက်သား ကားနောက်သို့
ပြေးလိုက်ကြတော့သည်။

YOU ARE READING
You're my mind
Fiksi Penggemarငါကတော့နင်နဲ့အတူသေဖို့အထိဆုံးဖြတ်ထားပေမယ့် ငါ့ကိုသေမင်းနှုတ်ခမ်းဝမှာထားခဲ့ပြီးကိုယ်လွတ်ရုန်းသွားတဲ့နင့်ကိုငါဒီတစ်သက်ဘယ်တော့မှမမေ့ဘူး #Kim Jisoo