You're My Mind အပိုင်း(၄)

181 19 4
                                    

#Unicode

Jin Hee သူ့သမီးကို လက်ညှိုးထိုးကာ...
* အဲ့မှာ နင်တို့သူ့ကို လိုချင်တာမလား
ခေါ်သွား .. ကြိုက်သလိုသာ လုပ်ကြ
သတ်ချင်လဲ.. သတ်လိုက်ကြ (shout) *

* O..Omma ... ဘာတွေပြောနေတာလဲ Ommaရယ် ..အဲ့...အဲ့လို..မ...မလုပ်..ပါနဲ့နော် *

* သူတို့က နင့်ကို အလိုရှိနေတာလေ
နင်အသက်ရှင်နေတာကို သူတို့ကမမြင်ချင်တာ
သူတို့က နင်သေသွားတာကို မြင်ချင်နေတာ
Jisooရဲ့... *

Jisoo လေးဖက်ထောက်လျက် တစ်သိမ့်သိမ့်ရှိုက်ငိုနေရာမှ မိမိမျက်စိရှေ့တွင် လာရပ်သော ခြေတစ်စုံကြောင့် ခေါင်းမော့အကြည့်....Jennieဖြစ်နေတာကြောင့် ပြေးထွက်လာလိုက်တာ ခြေထောက်မှဖိနပ်တစ်ဖက် ကျွတ်ကျန်နေခဲ့သည်ကိုပင်သတိမထားမိ

Jennie မိမိကိုမြင်သည်နှင့် ပြေးထွက်သွားသော Jisooအားကြောင်ကြည့်နေမိရာမှ သတိဝင်လာကာ Jisoo ကျန်ခဲ့သော ဖိနပ်တစ်ဖက်ကို ကောက်ပြီး Jisooနောက်သို့ အပြေးလိုက်တော့သည်။

ဘယ်လိုတောင် ပြေးတာပါလိမ့် မတွေ့တော့ဘူး
ဟူးးးးးး ဒီအထဲမှာများလား.... Jennie ကစားကွင်းထဲသို့ ဝင်လာလိုက်ပြီး ဒန်းစီးရာနေရာလေးမှာမတ်တပ်ရပ်လိုက်သည်..... အာရုံစိုက်ပြီး နားစွင့်ကြည့်တော့... တစ်ချက်တစ်ချက် ရှိုက်သံ ကြားလိုက်တာကြောင့် အသံကြားရာသို့....

Jisooနဲ့ စတွေ့တဲ့နေ့ မိုးတွေအရမ်းရွာနေတုန်းက
မိမိ မိုးခိုခဲ့သော လျှောစင်အောက်ကို Jennieခပ်လှမ်းလှမ်းမှကြည့်နေလိုက်သည်...
ရှေ့တိုးနောက်ဆုတ်လုပ်နေသော ခြေဖဝါးအစွန်းလေးကိုမြင်လိုက်တာမို့ တစ်ချက်ပြုံးလိုက်ပြီး
ခြေဖွဖွနင်းသွားလိုက်ပြီး......

" အဲ့လိုပဲ ပုန်းနေတော့မှာလား...
ဘယ်အချိန်အထိ အဲ့လို နေနေမှာလဲ
ပန်းပွင့်ဂါဝန်လေးဝတ်ထားတဲ့ Kim Jisoo
လူသတ်သမားသမီး Kim Jisoo...
ငါနဲ့ သူငယ်ချင်း လုပ်ရအောင် "

Jisoo ထိုင်နေရာမှ Jennie ရှေ့ရပ်လိုက်ပြီး

" နင်က ဘာလို့ ငါနဲ့ သူငယ်ချင်းဖြစ်ချင်တာလဲ "

" ဘာလဲ...ဖြစ်လို့မရဘူးလား "

" arnyi.. ရ..ရတယ် ..ရတာပေါ့"

You're my mindWhere stories live. Discover now