You're My Mind အပိုင်း- ၇(part 2)

227 20 8
                                    

#Unicode

Jennie Side

အပြင်ဘက်မှာ မိုးတွေရွာလာတယ်ဆို သူမ Ji ကို သတိရမိသည်။ Ji က မိုးရွာတာကို ကြိုက်တယ်တဲ့လေ...Jiရော သူမ လိုပဲ ခံစားချက်ရှိနေမလား သိချင်မိသည်။  Ji အကြောင်းစဥ်းစားရင်း အရမ်းတွေ့ချင်လာတာမို့ မိုးကာအက်ျီကို ဝတ်ပြီး Ji အိမ်သို့
သူထွက်လာခဲ့သည်။

( ဒီရက်ပိုင်းJen သွားရာနောက်ကို နောက်ယောင်ခံလိုက်နေတဲ့ကားတစ်စီးရှိနေခဲ့တာကိုတော့ Jenမသိခဲ့)

Jen မိုးရေထဲမှာ ပြေးရင်း Ji နဲ့အတူပြင်ခဲ့တဲ့ လမ်းမီးတ်ိုင်ရှေ့ ရောက်တော့....

" ဖောက်...ဖောက် " နေပူထားတဲ့အရှိန်နဲ့ကို မိုးက ရွာချတာကြောင့် ရှော့ဖြစ်နေသော မီးသီးလေးအား
သူမော့ကြည့်နေစဥ်မှာပဲ...

အနောက်ကနေ သိုင်းဖက်လာကာ ပါးစပ်ကိုအုပ်ပြီး
ဆွဲခေါ်ခံလိုက်ရတာကြောင့် Jen အော်ဖို့
ကြိုးစားပေမယ့် ပါးစပ်ကအပိတ်ခံထားရတာကြောင့် ခြေထောက်ကို အားကုန်သုံးကာ ရုန်းကန်နေလေရဲ့...

Ji လမ်းလျှောက်နေရင်းမှ...

လျှာဦးထုပ်ကို ဆောင်းထားပြီး အနက်ရောင်ဂျာကင်လက်ရှည်ကိုဝတ်ထားကာ လက်မှာပါ လက်အိတ်ဝတ်ထားတဲ့လူကြီးတစ်ယောက်က
မိုးကာဝတ်ထားတဲ့ တစ်ယောက်ရဲ့ ပါးစပ်ကို
လက်ဖြင့်အုပ်ကာ အတင်းဆွဲခေါ်နေတာကို တွေ့ပေမယ့် ရပ်ကြီး ကြောင်ကြည့်နေတုန်းမှာပဲ မိုးကာဝတ်ထားတဲ့ တစ်ယောက်က ရုန်းကန်နေရင်း ခေါင်းမှာစွပ်ထားတဲ့ မိုးကာအက်ျီရဲ့ ခေါင်းစွပ်ကျွတ်သွားပြီး
မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့...

" ဦးလေးကြီး...ဦးလေးကြီး
အဲ့ဒါ ကျွန်မ သူငယ်ချင်းပါ.... ဘယ်ကိုခေါ်သွားမလို့လဲ...မလုပ်ပါနဲ့....ထားခဲ့ပေးပါ "

Ji  ထိုလူကြီးဆီပြေးပြီး Jen ကို ဆွဲပေမယ့် Jen က
ရုန်းကန်မှုမရှိတော့ပဲ ပျော့ခွေနေသည်။ ထိူလူက
Ji ကိုတွန်းထုတ်လိုက်တာကြောင့် Ji ပစ်လဲသွားပြီး
ထီးလေးလဲ လွင့်သွားသည်။ Jen တစ်ယောက်ကတော့ လောကကြီးနဲ့အဆက်သွယ်ပြတ်ပြီး ကားထဲမှာ ပါသွားလေရဲ့....
Ji ကုန်းရုန်းထပြီး ကားနောက်ကိုပြေးလိုက်ကာ
အော်ဟစ်နေလေရဲ့....

You're my mindWhere stories live. Discover now